တိတ်ဆိတ်လွန်းတဲ့အခန်းထဲမှာထိုင်
နေရတာကိုယိုရှီပျင်းလာသည်အထူးသဖြင့်လူနှစ်ယောက်အတူရှိနေ
ပြီးတိတ်ဆိတ်နေတာကြီးကတကယ်
စိတ်ကုန်ဖို့ကောင်းသည်..."ဂျောင်ဟွမ်...မင်းအဲ့စာအုပ်ပဲဖတ်နေ
မှာလားကိုယ်နဲ့စကားမပြောတော့ဘူး
လား"တွဲကြမယ်ဆိုပြီးနှစ်ဦးသဘောတူဆုံး
ဖြတ်ချက်ချပြီးတဲ့အချိန်ကနေစပြီး
တစ်ပါတ်ကျော်အတွင်းဂျောင်ဟွမ်စီက
စကားဆယ်ခွန်းပြည့်အောင်တောင်မကြား
ရသေးပါ...ဒီကြားထဲမတွေ့ဖြစ်တာလဲပါလိမ့်မည်...
ညနေပိုင်းယိုရှီရုံးမှာရှိနေတုန်းဂျောင်ဟွမ်
စီကပထမဆုံးဖုန်းဝင်လာခဲ့ပြီးဒိတ်ရအောင်
လို့ပြောလာလို့ယိုရှီနည်းနည်းရင်ခုန်သွားခဲ့
ပေမဲ့ခုလိုမျိုးသူ့တိုက်ခန်းကိုခေါ်လာမယ်
လို့လုံးဝမထင်ထားမိခဲ့ပါ...ရောက်တော့လဲအခုအချိန်တော်ကြာတဲ့
အထိဘာစကားမှလဲပြောမလာပဲစာအုပ်
သာထိုင်ဖတ်နေတော့သည်အနည်းဆုံးတော့ဧည့်သည်ကိုဂရုစိုက်ရ
မယ်လေ..."ကိုယ်ပြောနေတာနားထောင်နေရဲ့လား"
ယိုရှီနှစ်ခါလောက်ပြောလိုက်မှဂျောင်ဟွမ်
ကစာအုပ်ကိုဘေးချပြီးယိုရှီဘက်ကိုလှည့်
လာကာအာရုံအပြည့်ဝပေးလာသလိုပုံစံမျိုး
စိုက်ကြည့်လာတော့သည်...ခပ်စူးစူးမျက်ဝန်းတွေနဲ့စိုက်ကြည့်ခံရ
တော့လဲယိုရှီအနေရခက်လာတော့သည်..."မင်းဒီတ်မယ်ဆိုတော့ကိုယ်ကအပြင်
အတူသွားကြမယ်ထင်နေတာ""ဘာလို့လဲခုရောအဆင်မပြေလို့လား
ပုံမှန်ချစ်သူတွေကြားမှာဘယ်လိုဒိတ်မျိုး
ဖန်တီးတတ်ကြလဲကျွန်တော်မှမသိတာ"စာကြည့်မျက်မှန်လေးကိုပင့်တင်ပြီး
ရှက်ဝဲဝဲပြောလာပုံကပုံမှန်ခပ်စွာစွာပုံစံ
လေးနဲ့ကွဲထွက်နေတာမို့ယိုရှီရင်ထဲတစ်
ဒုတ်ဒုတ်မြည်နေတော့သည်...ချစ်သူတွေလို့သုံးနှုန်းသွားတာလေးကို
ယိုရှီမှာသဘောကျလို့မဆုံးတော့ပါ...
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗