ယိုရှီဒီကိုရောက်လာတာတစ်ပါတ်
ရှိပြီမို့အတော်လေးပျင်းနေပါပြီ
အကျယ်ချုပ်ချထားသလိုမျိုးသူ့ကို
ဒီအိမ်ကြီးမှာပိတ်လှောင်ထားသည်...သူ့ကိုပဲပိတ်လှောင်ထားတာလားဆို
ရင်မဟုတ်ပြန်ပါဖူး ဂျောင်ဟွမ်ကိုယ်
တိုင်လဲဘယ်မှမသွားပဲ အလုပ်တွေကို
အိမ်ထိသယ်ကာလုပ်ရင်း ယိုရှီကိုမျက်
စိဒေါက်ထောက်ကာလိုက်ကြည့်နေ
သည်မို့ပို၍အနေကြပ်လှသည်....ဒီကြားထဲစိတ်တိုင်းကျလူကိုအသား
ယူလွန်းသည်...ဘယ်လိုမှငြင်းမရပဲသူ
ပြုသမျှကိုနုနေရတာမို့ပိုစိတ်တိုရသည်ယိုရှီဆိုဖာပေါ်ထိုင်ပြီးဖိုင်တွေစစ်နေတဲ့
လူနားကိုတိုးသွားလိုက်ပြီး..."ဆိုဂျောင်ဟွမ်..."
ဂျောင်ဟွမ်လက်ထဲကဖိုင်ကိုစားပွဲ
ပေါ်ပစ်ချလိုက်ပြီးဘေးနားလာရပ်
တဲ့သူရဲ့လက်ကိုဆွဲချလိုက်ကာ သူ့
ပေါင်တွေပေါ်ထိုင်စေလိုက်သည်..."ဟွမ်နီးလို့ပဲခေါ်ပါ..."
ဂျောင်ဟွမ်ပေါင်ပေါ်မှာဖြစ်၍ယိုရှီက
ဂျောင်ဟွမ်ထက်ခေါင်းတစ်လုံးစာပို
မြင့်နေတာမို့ ယိုရှီငုံ့ကြည့်နေရသည်...ဂျောင်ဟွမ်ရှေ့ကလူရဲ့အရမ်းမသေး
သွယ်လွန်းပေမဲ့ ခပ်သိမ်သိမ်ဖြစ်နေ
တဲ့ခါးလေးကိုလက်တစ်ဖက်ထဲနဲ့
သိမ်းပွေ့လိုက်ပြီးပိုနီးကပ်စေလိုက်
သည်..."ပေး..."
သူ့ရှေ့ကိုရောက်လာတဲ့လက်ဖဝါးလေး
ကိုဂျောင်ဟွမ်ဆွဲယူလိုက်ပြီးအသာနမ်း
ရှိုက်လိုက်ရင်း..."ဘာပေးရမှာလဲကိုကိုရဲ့.."
"မင်းနော်သိရဲ့သားနဲ့ငါ့ဖုန်းလေ..."
"ဘာဖုန်းလဲ..."
"ကျစ်....မင်းမသိချင်ယောင်မဆောင်
နဲ့ကွာ မင်းပဲမနေ့ညက..."ယိုရှီပြောမဲ့စကားတွေပြန်မြိုချလိုက်
ရသည် မနေ့ညကအကြောင်းတွေး
မိတော့ရှက်လာရသည်..."မနေ့ညကဘာဖြစ်လဲ..."
"မင်းမညစ်နဲ့..."
မနေ့ညကသူလိုချင်တာပေးရင်ဖုန်း
ပေးမယ်ဆိုလို့ယိုရှီမှာတစ်နာရီကျော်
ကြာတဲ့အထိအနမ်းခံလိုက်ရသည်...
တစ်နာရီကျော်ကြာအောင်ထိသူဘယ်
လိုနမ်းနိုင်လဲယိုရှီစဉ်းစားမရတော့...
ယိုရှီမှာသူ့အနမ်းတွေခံယူရင်းအသက်
မထွက်ရုံတမယ်ပင်...
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗