"ဘီဘီ!..."
သူ့လက်ထဲကရုန်းထွက်ပြီးကလေး
တစ်ယောက်စီပြေးသွားတဲ့ယိုရှီကြောင့်
ဂျောင်ဟွမ်မျက်နှာမည်းကနဲဆူပုတ်
သွားရသည်...အလွမ်းသည်ကာဖက်ပြီးနှုတ်ဆက်
နေတဲ့နှစ်ယောက်နားခြေလှမ်းကျဲဖြင့်
အမြန်သွားလိုက်ပြီးယိုရှီကိုယ်လေးကို
ဆွဲပြီးဖက်ပစ်လိုက်ရင်း..."အဟမ်း...ငါကသူ့ယောက်ျား"
ရှေ့ကကလေးလေးကဂျောင်ဟွမ်
စကားကြားတာနဲ့မျက်နှာလေးမဲ့သွား
ပြီး..."ယိုရှီ ပြောတော့သားကိုပဲယူမှာဆို"
ဘီဘီစကားကြောင့်ယိုရှီမှာဘေးနား
ကလူကိုမော့ကြည့်လိုက်တော့သူ့ကို
သတိထားနေဆိုတဲ့မျက်နှာမျိုးနဲ့ကြည့်
နေတဲ့ဂျောင်ဟွမ်ရဲ့မျက်ဝန်းတွေနှင့်
တိုးသွားရသည်..."မင်းကလဲကလေးကို"
"ဘီဘီလေး ကိုကိုတို့ကိုအိမ်ထဲ
ဝင်ပါစေဦးလာသားတို့"အိမ်ထဲကနေမတွေ့ရတာကြာပြီဖြစ်တဲ့
အဖွားဖြစ်သူထွက်လာတာမို့ယိုရှီပြေး
ဖက်ကာနှုတ်ဆက်လိုက်သည်..."လွမ်းနေတာ"
"ပိုပြီမပြောမဆိုပြန်သွားပြီးတော့"
စကားတွေဖောင်ဖွဲ့ရင်းယိုရှီနဲ့အဖွား
ဖြစ်သူကအိမ်ထဲဝင်သွားကြသည်...
အိမ်ပြင်မှာဂျောင်ဟွမ်နှင့်ခုနကကလေး
ပေါက်စသာကျန်ခဲ့တော့သည်...ဂျောင်ဟွမ်ကအခွင့်ရေးကိုမရအမိယူ
ပြီး.."ဒီမှာကလေးလေး...ယိုရှီကဒီကအကို
ရဲ့အပိုင်""ဘာတွေပြောနေတာလဲယိုရှီကသားဟာ"
"လူကြီးနာမည်တပ်မခေါ်ရဘူးဆိုတာ
မသိဘူးလား ""မသိဘူး...ယိုရှီတောင်ဘာမှမပြော
တာကိုဒီကလောရှည်အကိုကြီးလဲ
ဘာမှလာမပြောနဲ့"ဘောလုံးပိုက်ကာအိမ်ပြင်ပြေးထွက်
သွားပြီး ဂျောင်ဟွမ်ကိုပါဖဲ့သွားတဲ့
ကလေးကြောင့်ဂျောင်ဟွမ်ထွက်လာ
တဲ့ဒေါသတွေကိုထိန်းပြီးအိမ်ထဲဝင်
လိုက်ရသည်...ဒယ်ဂူမြို့ပေါ်နဲ့တစ်နာရီခွဲလောက်
ကားမောင်းလာရတဲ့ဒီနေရာလေးကို
ယိုရှီဘယ်လိုများရှာတွေ့ခဲ့လဲဆိုတာ
နောက်မှမေးရဦးမည်...
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗