Part-22

128 21 17
                                    

ရုံးကနေ့လည်စာထမင်းစားချိန်နား
တာနဲ့ယိုရှီ ဂျွန်ချိန်းထားတဲ့နေရာကို
ထွက်လာခဲ့လိုက်သည်...

ဟိုကလေးလေးကသူ့ကိုနောက်တစ်ခါ
သူမပါပဲဂျွန်နဲ့မတွေ့ဖို့ပြောပေမဲ့
တစ်ဖက်ကဆက်သွယ်လာတော့အား
နာတာကောဟိုနေ့ကကိစ္စတောင်းပန်
ချင်တာကောကြောင့်ထိုကလေးကျောင်း
သွားတဲ့ရက်မှာတွေ့ဖို့စီစဉ်လိုက်ရသည်...

"ဟူးးး...."

ယိုရှီကားကိုရပ်လိုက်တာနဲ့ဆိုင်ထဲမဝင်
ခင်သက်ပြင်းချလိုက်သည်...
သူစိတ်မောသလိုခံစားနေရတာမို့....

ဂျွန်ချိန်းတဲ့ဆိုင်လေးကcoffeeဆိုင်လေး
ဖြစ်ပြီးလူရှင်းကာအေးဆေးလှသည်...

ဆိုင်ထဲဝင်လိုက်တာနဲ့ထောင့်တစ်နေရာ
ကစားပွဲဝိုင်းမှာထိုင်နေတဲ့ဂျွန်ကိုတွေ့
လိုက်တာမို့ယိုရှီဖြေးဖြေးလျှောက်သွား
လိုက်သည်...

"ရောက်တာကြာပြီလား...ဆောရီးကွာ
အလုပ်ကမပြတ်တော့ကြာသွားတယ်"

"ရပါတယ်...ငါမင်းကိုဆိုစောင့်နိုင်ပါတယ်"

ဂျွန်ကယိုရှီအတွက်သူမှာပေးထားတဲ့
ကိတ်ကိုယိုရှီရှေ့တိုးပေးလာရင်းပြော
လာသည်....

"သောက်စရာတော့အေးသွားမှာစိုးလို့
မှာမထားဘူးမင်သောက်ချင်တာမှာလေ
မုန့်ကတော့မင်းကြိုက်တတ်တာမှာပေး
ထားတယ်..."

ဂျွန်ဝမ်ရဲ့အနှောင့်အသွားမလွတ်ချင်တဲ့
စကားတွေကြောင့်ယိုရှီဒီနေရာမှာကြာ
ကြာမနေချင်တော့သလိုပင်...

"ရတယ်မမှာတော့ဘူးကိတ်ပဲစားတော့
မယ်..."

ရှေ့ကမုန့်ကိုအနည်းငယ်ဖဲ့စားလိုက်
တော့လိုတာထက်ပိုချိုနေတဲ့အရသာက
ခံတွင်းကိုထိခိုက်စေသည်....

"ဟိုနေ့ကငါ့ကောင်လေးလုပ်လိုက်တဲ့
ကိစ္စအတွက်တောင်းပန်ပါတယ်ကွာ..."

ယိုရှီရဲ့စကားကြောင့်ဂျွန်စိတ်ထဲချဉ်
စူးသွားရသည်...

"ဟား...မင်းကလဲကွာကောင်လေး
ကောင်လေးနဲ့ပြောပြောနေတာမင်း
ရည်းစားမှန်းမသိမှာစိုးလို့လား..."

"မဟုတ်ပါဘူးကွာ..."

"ထားပါငါကမင်းတောင်းပန်တာလို
ချင်လို့ခေါ်လိုက်တာမဟုတ်ဘူး
ပြောစရာရှိလို့..."

The result of playing with fireWhere stories live. Discover now