အဆောက်ဦးတစ်ခုရဲ့အရှေ့သို့အနက်
ရောင်ကားသုံးစီးအရှိန်ဖြင့်မောင်းလာ
ရင်းထိုးရပ်လိုက်သည်...ထိုကားများအနက် အလယ်ကကားထဲ
မှလူတစ်ယောက်ဆင်းလာပြီး
အဆောက်ဦးထဲသိုဝင်သွားသည်...ထိုလူကအနက်ရောက် long coatကို
ကြယ်သီးမတပ်ဆင်ထားပဲဝတ်ဆင်
ထားပြီး ခြေလှမ်းကျဲများဖြင့်လှမ်း
လျှောက်လိုက်တိုင်းထို long coat
အရှည်ကလေထဲမှာလွင့်နေပုံက
အလွန်လိုက်ဖက်စွာခမ်းနားလှသည်...သုံးနှစ်ဆိုတဲ့အချိန်ကလူတစ်ယောက်
ကိုအလုံးစုံပြောင်းလဲသွားဖို့အတွက်လုံ
လောက်တာထက်ပိုတယ်လို့ပြောရမည်...ဂျောင်ဟွမ်အဆောက်ဦးထဲသို့ခပ်သွက်
သွက်လှမ်းလျှောက်သွားရင်းဓာတ်လှေ
ကားစီးကာမိမိရုံးခန်းသို့ဦးတည်သွား
လိုက်သည်...စိတ်ကလောနေ၍လားတော့မသိစီးနေ
ကျဓာတ်လှေကားကပိုနှေးနေသလိုပင်..
ဒီလိုမှန်းသိဂျောင်ဟွမ်ရုံးခန်းကိုအပေါ်
ဆုံးထပ်မှာမလုပ်ခဲ့ပါဖူး....ဓာတ်လှေကားပွင့်သွားတာနဲ့ဂျောင်ဟွမ်
ခပ်သွက်သွက်လှမ်းလျှောက်လိုက်သည်..ဂျောင်ဟွမ်ကိုမြင်တာနဲ့အတွင်းရေးမှူးဖြစ်
သူကအလိုက်တသိတံခါးကိုဖွင့်ပေးလာ
သည်...ရုံးခန်းထဲမှာထိုင်နေတဲ့လူနှစ်ယောက်ရှိ
နေပြီးဂျောင်ဟွမ်ကိုမြင်တာနဲ့မတ်တပ်
ရပ်ကာအရိုသေပေးလာကြတာမို့
ဂျောင်ဟွမ်လက်အမူအယာပြကာထိုင်
ဖို့ပြောလိုက်သည်...သူကိုယ်တိုင်လဲ
ခုံမှာဝင်ထိုင်လိုက်ရင်းအဓိကအကြောင်း
ရာကိုသာမေးလိုက်သည်..."ဘယ်မှာတွေ့ခဲ့တာလဲ..."
သိပြီးသားအချက်လက်တွေဆိုပေမဲ့ပို
သေချာအောင်ဂျောင်ဟွမ်မေးလိုက်မိ
သည်..."ဟို...ကျွန်တော်ကဒယ်ဂူကပါ"
"ခင်ဗျားဘယ်ကလဲသိချင်တာမဟုတ်
ဘူး..."ဂျောင်ဟွမ်ရဲ့တင်းမာသွားတဲ့မျက်နှာကို
ကြည့်ပြီးထိုလူကအနည်းငယ်စိုးရွံ့သွား
သလိုခေါင်းငုံ့သွားရင်း..."ဟို...ခင်ဗျားတို့ရှာနေတဲ့လူက
ကျွန်တော်တို့ဆိုင်ကိုလတိုင်းဈေးလာ
ဝယ်ပါတယ်သူကဒယ်ဂူရဲ့ဘယ်အပိုင်း
ကလဲဆိုတာတော့သေချာမသိပါဘူး..."
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗