ဂျောင်ဟွမ်ဒီရက်အတွင်းစိတ်ထဲ
အနှောက်အယှက်ဝင်နေသလိုခံစား
နေရသည်...ဟိုလူ...ဟိုလူသူ့စီမလာတာသုံးရက်ရှိ
ပြီ..."တောက်ခ်..."
ဂျောင်ဟွမ်ရဲ့တောက်ခေါက်သံကြောင့်
အခန်းထဲသူတွေအများစုလန့်သွားရ
သည်...ဒီထူးဆန်းတဲ့ကျောင်းသားသစ်ကဘာ
ဖြစ်နေတာလဲ...အခြေနေအနည်းငယ်ကို့ရို့ကားယား
နိုင်နေတဲ့အချိန်မှာပဲအခန်းထဲကိုလူတစ်
ယောက်ဝင်လာမှအားလုံးကိုယ်စီပုံမှန်
အနေထားကိုရောက်သွားကြရသည်...ဘောင်းဘီအိတ်ထောင်ထဲလက်ထည့်ပြီး
မြောက်ကြွမြောက်ကြွလမ်းလျှောက်
လာတဲ့သူကနှစ်ယောက်မရှိတဲ့ယိုရှီနိုရီပင်...ဒုန်း...
ယိုရှီကြုံတဲ့ခုံကိုခပ်ပြင်းပြင်းဆွဲရွေ့လိုက်
ပြီးကောင်လေးရှေ့ဝင်ထိုင်လိုက်သည်"..."
နှစ်ယောက်ကြားဘာစကားမှမပြောပဲ
တိတ်ဆိတ်နေပြီးယိုရှီကလဲမေးထောက်
ပြီးကောင်လေးမျက်နှာကိုထိုင်ငေးနေမိ
သည်...ယိုရှီတစ်စိမ့်စိမ့်ကြည့်နေမိရင်းတွေး
နေမိတာက...'ဟုတ်တယ်ဒီလိုအလှလေးကဘယ်လို
လုပ်Alphaဖြစ်နိုင်မှာလဲ ဟက်...ယိုရှီ
မင်းအတွေးလွန်နေတာပါ'"ခင်ဗျားဘယ်ပျောက်နေတာလဲ..."
ယိုရှီကိုကြည့်မလာပဲစာအုပ်ကိုသာဖတ်
နေရင်းနဲ့ဂျောင်ဟွမ်ဘက်ကစကားစပြော
လာခဲ့သည်..."အာ...ကိုယ်လားဒီရက်ပိုင်းအလုပ်တွေ
ရှုပ်နေလို့ဘာလဲလွမ်းလို့လား""...."
ဆိတ်ဆိတ်နေခြင်းကဝန်ခံခြင်းလို့ပဲ
ယိုရှီတစ်ဖက်သက်တွေးလိုက်မိသည်..."အများကြီးလွမ်းနေတာလား
ကိုယ်လဲလွမ်းနေတာ..."ယိုရှီဂျောင်ဟွမ်ပါးကိုအသဲယားစွာ
ဆွဲဖဲ့လိုက်သည်..."ပါးလေးကလဲအိနေတာပဲ"
ဖုန်းးး...
ဂျောင်ဟွမ်ရှေ့ကလူကိုစိတ်မရှည်တော့
တာကြောင့်စာအုပ်ကိုအသံမြည်အောင်
ပိတ်ချလိုက်သည်...
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗