Part-16

192 25 5
                                    

အခန်းငယ်လေးထဲမှာအိပ်မောကျနေ
တဲ့လူသားနှစ်ယောက်....

မနက်ခင်းရဲ့နေရောင်ခြည်ဖျော့ဖျော့
လေးကအလုအယက်တိုးဝင်လာတာ
နဲ့အမျှဂျောင်ဟွမ်မျက်ခွံတွေလှုပ်ရှား
သွားရသည်....

"ဟင်းးး..."

ဂျောင်ဟွမ်တစ်ယောက်နိုးတစ်ဝက်
မနိုးတစ်ဝက်ဖြစ်နေရာကသူ့လက်မောင်း
တွေကြားကယိုရှီရဲ့အသံကြောင့်လုံးဝ
အသိဝင်သွားရသည်...

မနေ့ကဖြစ်ပျက်ခဲ့တာတွေကခေါင်းထဲ
အစီရီပြန်ဝင်လာတော့ဂျောင်ဟွမ်
နှုတ်ခမ်းလေးကွေးတက်သွားသည်...

ကိုယ်လုံးနွေးနွေးလေးကိုပိုတိုးဖက်လိုက်
ပြီးသဘောအကျကြီးကျနေသည်

Alpha တစ်ယောက်ရဲ့ပျော်ရွှင်မှုကနေ
ယိုဖိတ်လာတဲ့ Pheromones အနံ့သင်း
သင်းလေးတွေကအခန်းထဲပြန့်လွင့်နေ
တော့သည်.....

ပြွတ်စ်

ငိုထားလို့ယိုရှီမျက်ခွံတွေကမို့အစ်နေ
တာကိုကြည့်ပြီးဂျောင်ဟွမ်အသဲယား
၍ ထိုမျက်ခွံမို့မို့လေးတွေကိုဖိနမ်းပစ်
လိုက်သည်...

နမ်းလို့အားရတာနဲ့အိပ်ယာထဲကထွက်
ပြီးရေချိုးပြီးယိုရှီနိုးလာရင်စားဖို့မနက်
စာပြင်ဆင်သည်...

မနေ့ကတည်းကသူ့ကြောင့်ယိုရှီနေ့လည်
စာကောညစာကောမစားရတာမို့
နိုးလာရင်သေချာပေါက်ဗိုက်ဆာနေမှာ
အမှန်ပင်....

မနေ့ကသေချာပြင်ဆင်ထားတဲ့အစား
စာတွေကို‌တော့သွန်ပစ်လိုက်ရတော့သည်....

                      ..............................

ယိုရှီနိုးနေပေမဲ့မျက်လုံးတောင်မဖွင့်‌
နိုင်သေးပါဘူး...

သူအရမ်းပင်ပမ်းနွမ်းနယ်နေသလိုခံစား
နေရသည်...

မနေ့ကဖြစ်ပျက်ခဲ့တာတွေကသူ့အတွက်
အိပ်မက်တစ်ခုလိုဖြစ်နေပေမဲ့ အိပ်မက်
တစ်ခုဟုတ်မနေခဲ့ပါ...

ခုတလောသူစိတ်ထဲဖြစ်နေတဲ့ထူးဆန်း
မှုတွေရဲ့အဖြေကိုတကယ်သိချင်မိသည်...

မျက်လုံးကိုအားယူဖွင့်ရင်းအိပ်ယာက
ထဖို့ကြိုးစားရတော့သည်...

The result of playing with fireWhere stories live. Discover now