Part-14

220 25 6
                                    

"ဂျွန်...မင်းလာတယ်..."

"အင်း..."

ဂျွန်ကအင်းတစ်လုံးသာဖြေပြီးယိုရှီ
ထိုင်နေတဲ့မြက်ခင်းပြင်ပေါ်အသာထိုင်
ချလိုက်သည်...

ယိုရှီ ဂျွန့်မျက်နှာကိုကြည့်လိုက်ရုံနဲ့သိ
လိုက်သည်သူ့ကိုစိတ်ကောက်နေတယ်
ဆိုတာကို...

"ဂျွန်...မင်းတရုတ်မပြန်ရတော့ဘူးပေါ့"

"အင်း...အထက်တန်းတော့ဒီမှာပဲအပြီး
တက်တဲ့...."

"တကယ်လား....ပျော်လိုက်တာ..."

ယိုရှီ အပျော်လွန်ပြီးဂျွန်ပုခုံးကိုလှမ်း
ဖက်လိုက်မိသည်

ပျော်နေတဲ့ယိုရှီမျက်နှာကိုကြည့်ပြီးဂျွန်
ပါလိုက်ပြုံးမိသွားသည်...

ယိုရှီဘယ်တော့မှသိမှာမဟုတ်ဘူးသူ့အနား
မှာခနလောက်နေရဖို့ဂျွန်ဘာတွေပေးဆပ်
ခဲ့ရတယ်ဆိုတာကို...

"မင်းမနေ့ကဘာလို့ရောက်မလာတာလဲ"

"အိမ်ကမိသွားလို့ငါရအောင်ထွက်ခဲ့
သေးတယ်ငါရောက်လာတော့မင်းမရှိ
ဝောာ့ဘူး...နောက်မှမင်းစာပို့ထားတာ
မြင်တာ"

ဂျွန်ဖုံးကွယ်ဖို့ကြိုးစားနေပေမဲ့ဂျွန့်မျက်
ဝန်းတွေထဲကဝမ်းနည်းရိပ်တွေကိုယိုရှီ
အမိအရမြင်လိုက်သည်

"ငါတောင်းပန်ပါတယ်ငါမင်းနဲ့လိုက်ဖို့
အဆင်သင့်မဖြစ်သေးလို့...."

"အင်း...ရပါတယ်..."

ဂျွန်ကဘာမှဆက်မပြောတော့ဘဲအဝေး
တစ်နေရာကိုသာငေးနေတော့သည်

ယိုရှီလဲအနေရခက်တဲ့အခြေနေကိုသဘော
မကျတာမို့စကားစပြောလိုက်‌တော့သည်

"မင်းသိလား...မနေ့ကငါကလေးလေး
တစ်ယောက်နဲ့တွေ့ခဲ့တယ်..."

ထိုကလေးလေးနဲ့အချိန်ကုန်ဆုံးခဲ့တာကို
ဂျွန်ကိုပါပြောပြနေမိသည်....

အဲ့ကလေးလေးအကြောင်းပြောတဲ့အချိန်
မှာတောက်ပနေတဲ့ယိုရှီမျက်ဝန်းတွေကို
တော့ဂျွန်သေချာမြင်နေရသည်

"ဘယ်သူလဲအဲ့ကလေးက..."

ဂျွန်အမေးစကားကိုကြားမှယိုရှီသေချာ
စဉ်းစားမိသွားသည်...

The result of playing with fireWhere stories live. Discover now