အချိန်ကတဖြေးဖြေးတိုက်စားခံရပြီး
သုံးလဆိုတဲ့ကာလကမျက်စိတမှိတ်
အတွင်းကုန်လွန်ခဲ့သည်...ယိုရှီနဲ့ဂျောင်ဟွမ်တို့တရားဝင်ချစ်သူ
တွေလို့သတ်မှတ်ပြီးတာနဲ့ယိုရှီမိဘတွေ
စီသွားဖြစ်ခဲ့သေးသည် ယိုရှီအဖေက
သုံးနှစ်လုံးသူကပင်ပင်ပမ်းပမ်းသားဖြစ်
သူကိုရှာခဲ့ရပေမဲ့ သားလုပ်တဲ့သူကသူမ
သိအောင်သူ့ပါးပါးကိုအမြဲခိုးဆက်သွယ်
ခဲ့တာကိုသိသွားပြီးအတော်လေးစိတ်ဆိုး
ကာအခုချိန်ထိစိတ်ကောက်မပြေသေးပေ...ယိုရှီရဲ့ရုံးကလဲရားထူးပြန်လည်လက်ခံ
ပေးဖို့တောင်းဆိုစာပို့လာခဲ့ပေမဲ့ယိုရှီပြန်
လက်မခံဖြစ်တော့...နောက်ပြီးသူတို့နှစ်ယောက်ဆက်ဆံရေး
ကိုတရားဝင်ချပြလိုက်တာမို့အထက်တန်း
လွှာကြားမှာနာမည်ကြီးခဲ့တဲ့Alphaလေး
ကအိုမီဂါအဖြစ်ပြောင်းလဲသွားခဲ့ရပြီး
Dominant Alpha တစ်ယောက်ရဲ့
အမှတ်သားလဲရရှိပြီးသွားပြီဆိုတဲ့
သတင်းကအတော်လေးပျံ့နှံ့သွားခဲ့
ပြီးသတင်းခေါင်စည်းပိုင်းတွေမှာလဲ
မပါမဖြစ်ပါဝင်ခဲ့သည်..."ကျစ်...ကြည့်ပါဦးသူတို့ကကိုကို့အပိုင်
ဘယ်သူလဲခုထိစပ်စုချင်ကြတုန်း
အဲ့ဒါကြောင့်ပြောတာလက်ထက်ကြရ
အောင်ပါဆို..."လက်ထဲကသတင်းစာကိုကြည့်ရင်း
ရင်ခွင်ထဲကလူကိုဆူပူသလိုမျိုး
ဂျောင်ဟွမ်ညည်းညူလိုက်သည်....ဒီကြားထဲမှာအခွင့်ရေးရတိုင်းဂျောင်ဟွမ်
ကလက်ထပ်ခွင့်တောင်းတတ်သည်...
ယိုရှီကလဲအမြဲနောက်မှဖြေးဖြေးပေါ့
ဆိုပြီးငြင်းတတ်သည်..."နောက်နှစ်ထဲနောက်နှစ်ထဲကျသေချာ
ပေါက်ကိုယ်စဉ်းစားကြည့်မယ်..."လက်ထဲကသတင်းစာကိုခေါက်လိုက်
ပြီးဘေးကစားပွဲခုံပေါ်ကိုဂျောင်ဟွမ်
ပစ်တင်လိုက်ပြီး ရင်ခွင်ထဲကလူကို
လက်မောင်းတွေကြားညှပ်ပြီးခပ်တင်း
တင်းညှစ်ပစ်လိုက်သည်..."ကိုကို့သဘောဗျာ..."
"ဟီးး...အဲ့ဒါကြောင့်ဟွမ်နီးကိုချစ်တာ..."
ရင်ခွင်ထဲကနေမော့နမ်းလာတာမို့ထို
အနမ်းကဂျောင်ဟွမ်မေးဖျားတွေပေါ်
ကျရောက်လာသည်...
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗