အခန်းလေးထဲမှာတိတ်ဆိတ်နေပြီး
လူသုံးယောက်ကလဲဘာမှမပြောပဲ
ငြိမ်သက်နေကြသည်...အချိန်အတော်ကြာတိတ်ဆိတ်နေတဲ့
ပါတ်ဝန်းကျင်ကိုလူတစ်ယောက်က
စတင်ဖြိုခွဲလိုက်သည်..."မင်းနာမည်ယိုရှီနော်..."
"ဟုတ်တယ်..."
ယိုရှီဖြေမလို့လုပ်စဉ်မှာပင်ဖြတ်ပြော
လိုက်တဲ့ဂျောင်ဟွမ်ကြောင့်ကိုယ့်ပါးစပ်
ကိုအရှိန်ထိန်းလိုက်ရသည်..."မင်းကိုမမေးဘူး..."
"ကျွန်တော့်ယောက်ျားကိုမေးတာလေ
ကျွန်တော့်မှာဖြေပိုင်ခွင့်အပြည့်ဝရှိတယ်.."အရမ်းကိုကဲပြနေတဲ့မြေးဖြစ်သူကို
မျက်စောင်းတွေကြီးလှိမ့်ကျွေးပစ်လိုက်
သည်..."နေရတာအဆင်ပြေရဲ့လား..."
"ပြေတယ်သူ့နားမှာကျွန်တော်ရှိနေတာ
မပြေစရာလား...""ဂျောင်ဟွမ်!..."
ယိုရှီမှာအဘိုးဖြစ်သူကိုအားနာတာ
မို့ဂျောင်ဟွမ်ကိုအံကြိတ်သံဖြင့်တား
ရတော့သည်...
ထိုအခါမှဂျောင်ဟွမ်ကဆူပုတ်ကာ
ပါးစပ်ကိုပိတ်ပြီဆိုတဲ့ပုံစံမျိုးလက်ဖြင့်
ဇစ်ပိတ်သလိုမျိုးလုပ်ပြလာသည်..."ဟုတ်ပြေပါတယ်ဗျ..."
ရှေ့ကကလေးကိုအကဲခတ်ရင်းဂျောင်
ဟွမ်အဘိုးပထမဆုံးတွေးမိတာက
ဒီကောင်ကြိုက်ချင်လဲကြိုက်စရာကို
အတော်ချောတာပဲဟုပင်..."အဟမ်း...ဒီကအဘိုးကြီးအကြောင်း
လဲမြေးမိုက်ပြောပြထားလို့သိပြီး
လောက်ပြီပေါ့...မျိုးဆက်ကိုအရမ်း
လိုချင်ခဲ့တာမို့အရင်ကလုပ်ရပ်တွေ
ကိုအဘိုးတော့မှားတယ်မထင်ဘူး
အခုလိုချင်တာရမှလာကပ်တယ်လို့
ထင်လဲအဘိုးကတော့ဟုတ်တယ်
ပြောရမှာပဲ...ဒီကသက်ကြားအိုကြီး
စိတ်ကိုအဲ့ဘက်ကကလေးကနား
လည်ပေးပြီးလက်ခံပေးဖို့မျှော်လင့်
ပါတယ်..."ယိုရှီသဘောပေါက်ပါသည်ဘယ်သူက
မျိုးဆက်ရဖို့မသေချာတဲ့သူနဲ့ကိုယ့်
သွေးသားကိုသဘောတူချင်ကြမလဲ
အထူးသဖြင့်တစ်မိသားစုလုံးမှအဖိုး
တန် Dominant Alphaလေးတစ်
ယောက်ပါတော့မျိုးဆက်မျှော်လင့်
ကြတာကအဖြစ့်သင့်ဆုံးကိစ္စပင်...
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗