"ဟေ့ကောင်တွေငါလာတာတောင်
မစောင့်ကြဘူး...."ဂျွန်ဂယူပြောရင်းဆိုရင်းနဲ့ယိုရှီဘေး
အသာဝင်ထိုင်လိုက်သည်..."မင်းကကြာတာကွာ ဒီကောင်အချိန်
အများကြီးမရတာသိရဲ့သားနဲ့..."ဂျီဟွန်းပြောစကားကြောင့်ဂျွန်ဂယူ
ယိုရှီဘက်ကိုလှည့်လိုက်ပြီး..."ဆိုင်ပြင်မှာလဲလူအပြည့်ဟ ငါတောင်
လန့်တယ် ယိုရှီမင်းဘဝကိုသနား
လာပြီကွာ...""နားစမ်းပါ...အဲ့ကလေးလောက်ကငါ
စာမဖွဲ့ဖူးမလုပ်ချင်သေးလို့သာ....""ဟားး...ရီရတာယိုရှီရာမင်းအဲ့ကလေး
ကိုပဲမနိုင်တာလေ ပြောပါဦးငါတို့နဲ့
တွေ့ရဖို့ဘာတွေပြန်ပေးလိုက်ရလဲ..."ဂျွန်ဂယူက လည်ထောင်ဝတ်ထားတဲ့
ကြားကယိုရှီလည်ပင်းတွေကနေမသိ
မသာမြင်နေရတဲ့အမှတ်သားတွေကို
တို့ထိရင်းသူငယ်ချင်းဖြစ်သူကိုစနေ
တော့သည်....ဂျွန်ဂယူစကားကြောင့်ယိုရှီနားရွက်ဖျား
တွေရဲတက်သွားတဲ့အထိအရှက်သည်း
သွားရသည်...ဂျွန်ဂယူက ကော်ဖီတစ်ခွက်ကိုမှာလိုက်
ရင်းနဲ့...."ပြောသာပြောရတာ မင်းကလေးက
တော်တော်မိုက်တဲ့ဘဲနော်..."ဂျွန်ဂယူမေးငေါ့ပြတဲ့နေရာကိုယိုရှီ
လှမ်းကြည့်တော့ ဆိုင်ရဲ့မှန်တွေကနေ
ဖြတ်ပြီးတော့တောင် ဂျောင်ဟွမ်ရဲ့
ချောမောမှုတွေကအထင်းသားမြင်
နေရသည်....ကားကိုမှီရပ်နေရင်း ဖုန်းကိုကြည့်လိုက်
သူတို့ဘက်ကိုကြည့်လိုက်လုပ်နေတဲ့
ထိုကလေးကဆိုင်ထဲကလူတစ်ချို့ရော
လမ်းသွားလမ်းလာများအတွက်လည်ပြန်
ငေးကြည့်စရာပင်....ယိုရှီနှုတ်ခမ်းမသိမသာဆူသွားရသည်...
"ဘာလဲသဝန်တိုနေတာလား..."
ယိုရှီမျက်နှာကိုကြည့်ပြီးဂျီဟွန်းနဲ့
ဂျွန်ဂယူစနောက်နေတော့သည်..."တော်သေးတာဒီသုံးနှစ်အတွင်းလဲ
ငါတို့အဆက်သွယ်ရှိတာသူမသိလို့...""ဟုတ်ပကွာ...သုံးနှစ်အတွင်းငါ့ဆေးခန်း
လာလာပြီးမေးတာငါ့မှာလိမ်ရတာတောင်
အားနာတယ်..."
YOU ARE READING
The result of playing with fire
Fanficဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗