Part-25

111 20 8
                                    

ယိုရှီဘယ်လောက်တောင်အိပ်ပျော်
သွားခဲ့တယ်မသိဘူးသူနိုးလာ‌တော့
ဖြေးဖြေးငြိမ့်ငြိမ့်မောင်းနေတဲ့ကား
ပေါ်‌မှာရောက်နေမှန်းသိလိုက်သည်...

လက်တစ်စုံကလဲသူ့ကိုပွေ့ဖက်ထား
တာမို့အလန့်တကြားရုန်းထွက်လိုက်
တော့ ထိုလက်များကအလွတ်မပေး
ပဲပိုတင်းကြပ်သွားသည်...

"ဂျောင်ဟွမ်...လွှတ်..အခုဘယ်သွား
နေတာလဲ..."

"ဘယ်သွားရမှာလဲကိုကိုရဲ့ကျွန်တော်
တို့ရဲ့အိမ်ကိုလေ..."

"ဘာ!...လွှတ်စမ်းပါ...ငါအဲ့နေရာကို
ပြန်မလိုက်ဘူး..."

ရုတ်တရက်ကြီးအသဲအသန်ရုန်းလာတဲ့
လူကြောင့်ဂျောင်ဟွမ် Pheromones
တွေထုတ်ပြီးထိန်းလိုက်ရသည်...

"ကိုကို!!..."

"အဲ့နေရာက..."

ယိုရှီ သူ့ကိုအထင်သေးတဲ့မျက်ဝန်းတွေ
နဲ့ကြည့်ကြတဲ့ပါတ်ဝန်းကျင်တစ်ခုကို
သာမြင်ယောင်နေမိတော့သည်....
အဲ့တုန်းကအခြေနေတွေကိုသူဒီ
ကောင်လေးရှိတယ်ဆိုတဲ့အသိနဲ့
ပဲအားတင်းထားခဲ့ဖူးသည်...
နောက်ဆုံးတော့သူဒီလိုဖြစ်ရတဲ့
တရားခံကလဲဒီကောင်လေးပင်....

"ခင်‌ဗျားကိုဘယ်သူမှအထင်မသေးရဲဘူး..."

"ဟင့်..."

ယိုရှီရဲ့ငိုရှိုက်သံထွက်လာတာမို့
ဂျောင်ဟွမ် ထိုလူမျက်နှာကိုဆွဲမော့
လိုက်ပြီးပါးပြင်ပေါ်ကမျက်ရည်တွေ
ကိုသုတ်ပေးလိုက်ရင်း...

"လွန်ခဲ့တဲ့သုံးနှစ်ကကောင်ကခင်ဗျား
ဘာဖြစ်နေတယ်ဆိုတာလဲမသိဘူး
ခင်ဗျားကိုကာကွယ်ရမယ်ဆိုတာလဲ
မသိခဲ့ဘူး..."

‌ဂျောင်ဟွမ်စကားကိုခနရပ်လိုက်ပြီး
ယိုရှီရဲ့မျက်ခွံတွေပေါ်ကိုဖိကပ်ပြီး
နမ်းပစ်လိုက်သည်...

"အခုလက်ရှိဒီကောင်ကခင်ဗျားကို
အပြည့်အဝကာကွယ်နိုင်တယ်ခင်ဗျား
သာဖြစ်စေချင်ရင်အားလုံးခင်ဗျား
လက်ခုပ်ထဲကရေဖြစ်စေရမယ်....
အဲ့ဒါကြောင့်အနားနားမှာပဲနေပေး..."

ဂျောင်ဟွမ် သူ့စကားတွေကိုငြိမ်သက်
စွာနားထောင်နေတဲ့သူကိုအသဲယား
လို့လက်ကလေးကိုဆွဲယူလိုက်ပြီး
လက်ညှိုးထိပ်လေးကိုအသာဖိကိုက်
လိုက်တော့...

The result of playing with fireWhere stories live. Discover now