မနက်ခင်းပိုင်း ပါတ်ဝန်းကျင်တစ်ခုလုံး
မှောင်မဲနေပြီးမိုးသည်းထန်စွာရွာနေသည်ယိုရှီတစ်ယောက်ဒီကြားထဲပြဿနာတော်
တော်များများကြောင့်ပစ်ထားမိနဲ့အလုပ်
အချို့ကြည့်နေရတာမို့ ညကတော်တော်
နက်ခဲ့သည်...မညာတမ်းဝန်ခံရရင်တော့ ဂျောင်ဟွမ်
မရှိတော့ညကတော်တော်နဲ့အိပ်မပျော်
တာလဲပါလိမ့်မည်...အကျင့်ဖြစ်နေတာကြောင့်နိုးလာခဲ့ပေမဲ့
ခေါင်းမကြည်ဖြစ်နေပြီးအိပ်ယာထဲက
သူမထွက်ချင်သေးပါ...နောက်ပြီးဒီလိုရာသီဥတုအရအိပ်ယာ
ထဲမှာဇိမ်ယူလို့အကောင်းဆုံးအချိန်ပင်
အိပ်ယာထဲမှာလူးလိမ့်နေရင်းသူတစ်
ယောက်သောသူကိုလွမ်းမိပါသည်...ချမ်းစိမ့်စိမ့်မိုးဓာတ်ကြောင့်လား မဟုတ်
ပါဘူးသူလွမ်းမိနေတာကိုမိုးကိုလွှဲမချချင်
တော့ပါဘူး...လွမ်းလိုက်တာ ဂျောင်ဟွမ်နီးး....
အိမ်ပြန်လာမိတာမှားသွားသလိုပင်
အနည်းဆုံးတော့တစ်ရက်နှစ်ရက်လောက်
တော့ဟွမ်နီးနဲ့ပဲအတူနေခဲ့ရမှာ...အလွမ်းစိတ်ကြောင့်လားမသိသူအနားမှာ
ကံ့ကော်ပန်းနံ့တွေတောင်သင်းပျံ့နေ
သလားလို့...."ကိုကို လွမ်းတယ်ကလေးလေး..."
ယိုရှီရဲ့မနက်ခင်းကဂျောင်ဟွမ်အကြောင်း
တွေးရင်းနဲ့သာကုန်ဆုံးသွားတော့သည်...အချိန်ဘယ်လောက်ကုန်သွားတယ်မသိ
ပေမဲ့သတိထားမိတဲ့အချိန်မှာမိုးတောင်
တိတ်သွားခဲ့ပြီ...ယိုရှီရေချိုးပြင်ဆင်ပြီးအိမ်အောက်ဆင်း
လာခဲ့တော့ ဧည့်ခန်းထဲမှာသူ့ကိုထိုင်စောင့်
နေပုံရတဲ့မိဘနှစ်ပါးကိုတွေ့လိုက်သည်...ပြောသင့်တာကိုပြောဖို့ဆုံးဖြတ်ပြီးသား
မို့ယိုရှီဝန်လေးမနေတော့ပဲခုံးပေါ်အသာ
ဝင်ထိုင်လိုက်ရင်း..."ပါး...သားပြောစရာရှိတယ်..."
"ဘာပြောမှာလဲ..."
ပါးပါးစီကိုစကားဦးတည်ပြောလိုက်ပေမဲ့
ကြားထဲကဖြတ်မေးလာတဲ့အဖေ့ကိုယိုရှီ
သိပ်တော့စိတ်မကြည်နေပါ...
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗