Note{ဒီအပိုင်းမှာနမ်းတာထက်ပိုတာ
မျိုးနည်းနည်းပါလာနိုင်တာမို့အဲ့လို
မျိုးတွေသဘောမကျဘူးဆိုရင်
ဒီအပိုင်းကိုမဖတ်ဖို့မေတ္တာရပ်ခံပါတယ်ရှင့်}............................
ယိုရှီသုံးရက်အထိဖျားနေခဲ့သည်ဒါက
Alpha ကနေomegaအဖြစ်ပြောင်းခြင်း
ဖြစ်စဉ်ရဲ့နောက်ဆုံးအဆင့်ဖြစ်သည်....ဂျောင်ဟွမ်သူ့အမှားသူသိပေမဲ့ဘယ်လို
မှဝန်မခံရဲပေသူ့အနားကယိုရှီအဝေးဆုံး
ထွက်သွားမှာကိုသူမလိုလားဘူးစိတ်ဆိုးပြီးသူလက်လှမ်းမှီတဲ့နေရာကို
ပြေးတာလက်ခံနိုင်ပေမဲ့သူ့ကိုမုန်းပြီး
လက်လှမ်းမမှီနိုင်တဲ့အဝေးဆုံးကိုပြေး
သွားတာမျိုးသူတကယ်မလိုချင်ဘူး..."ဂျောင်ဟွမ်...."
ယိုရှီ သူ့ဘေးနားမှာထိုင်နေပြီးတသိမ့်သိမ့်
ငိုနေတဲ့ကလေးကိုဘယ်လိုနှစ်သိမ့်ရမလဲ
တွေးနေမိသည်သူနေမကောင်းဖြစ်ရုံလေးပါပဲဒါကိုဒီ
ကလေးကမျက်ရည်ပါကျနေတော့သည်..."ဘာလို့ငိုနေတာလဲကိုယ်သက်သာနေပါပြီ"
"မငိုပါဘူး..."
မငိုဘူးငြင်းပြီးမျက်နှာလွှဲသွားတဲ့ဂျောင်ဟွမ်
ကိုကြည့်ပြီးယိုရှီပြုံးလိုက်မိသည်"အင်းးး...."
ကုတင်ပေါ်မှာပဲသုံးရက်လောက်လှဲနေခဲ့
ရတာမို့ယိုရှီအတော်အားယူပြီးထလိုက်
ရသည်...ယိုရှီညီးညူသံကြောင့်ဂျောင်ဟွမ်ပြာပြာ
သလဲဖြစ်သွားရသည်..."ယိုရှီခင်ဗျားအဆင်ပြေလား..."
"ပြေပါတယ် ကိုယ်ဗိုက်ဆာနေတယ်"
သုံးရက်လောက်အစာကောင်းကောင်း
မဝင်တော့ယိုရှီဗိုက်အတော်လေးစာ
နေသည်"ကျွန်တော်ချက်ပေးမယ်ဘာစားချင်လဲ"
"ဘာနေနေရတယ် ကိုယ်အစားမရွေးပါ
ဘူး...""အင်း....ခနစောင့်"
ဂျောင်ဟွမ် ယိုရှီစားဖို့အတွက်ပြင်ဆင်ဖို့
အခန်းပြင်ထွက်မလို့လုပ်ရာကနေယိုရှီ
ကဖုန်းကောက်ကိုင်လိုက်တာမြင်တာမို့
အမြန်မေးလိုက်ရသည်
YOU ARE READING
The result of playing with fire
Fanficဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗