ကုတင်ရဲ့ခပ်လှမ်းလှမ်းကစားပွဲဘေး
ကထိုင်ခုံမှာထိုင်ရင်းပန်းသီးခွာနေတဲ့
သူရဲ့မကြည်မလင်မျက်နှာလေးကို
ယိုရှီအသာခိုးကြည့်နေမိသည်...သူနိုးလာတည်းကဆရာဝန်ခေါ်ပေးပြီး
ဆရာဝန်တွေကသာစစ်ဆေးပြီးထွက်
သွားသည် ထိုကလေးကသူ့ကိုအခုထိ
စကားတစ်ခွန်းမျှပင်ပြောမလာသေးပါ
စိတ်ကောက်နေပြီဆိုတာသိတာမို့ဘယ်
လိုစချော့ရမလဲယိုရှီတွေးတောနေမိသည်..."ဟွမ်နီး..."
ယိုရှီခေါ်သံကြားတော့မျက်ခုံးတွေပိုကျုံ့
ပစ်ပြီးသူစိတ်ဆိုးနေကြောင်းပိုပြသလာ
သည်..."ကိုယ်တောင်းပန်ပါတယ်...ကိုယ်မင်း
ကိုမပြောပဲမသွားခဲ့သင့်ဘူးကိုကိုမှား
ပါတယ်နော်...ကိုယ့်ကိုစိတ်မဆိုးပါ
နဲ့ကိုယ်မနေတတ်ဘူး..."ယိုရှီလှမ်းပြောလိုက်ပေမဲ့ဂျောင်ဟွမ်စီ
ကတုန့်ပြန်စကားထွက်မလာခဲ့ပေ...မရတဲ့အဆုံးယိုရှီသူ့ရဲ့သစ်သားနံ့လေး
တွေထုတ်လွှင့်လိုက်ပြီး..."ဟင့်...ငါ့မှာတော့ဒီဗိုက်ထဲကဟာလေး
ကြောင့်နေရခက်နေတယ်ဒါကိုAlpha
ဖြစ်သူကပါမခေါ်တော့ဝမ်းနည်းလိုက်
တာ..."ရှိုက်သံပါထွက်လာပြီးပြောလာသူ
ကြောင့်ဂျောင်ဟွမ်လက်ထဲကပန်းသီး
နဲ့ဓားကိုပစ်ချပြီးကုတင်နားအမြန်ပြေး
သွားကာ..."အရမ်းနေရခက်နေလား..."
အငိုက်မိသွားတဲ့ဂျောင်ဟွမ်ကြောင့်
ယိုရှီခိုးပြုံးလိုက်ပြီး..."မင်းစကားပြောပြီ!..."
"ကျစ်..."
အလိမ်ခံလိုက်ရမှန်းသိပေမဲ့ဂျောင်ဟွမ်
သူ့ကိုသူသာကြိတ်မနိုင်ခဲမရဖြစ်ရသည်
သူကဒီလူနဲ့ပါတ်သတ်ရင်နည်းနည်း
လေးမှစိတ်တင်းထားလို့မရဘူးပဲ...ယိုရှီဘေးနားမှာရပ်နေတဲ့ဂျောင်ဟွမ်
လက်ကိုဆွဲလိုက်ပြီး..."ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော် မင်းက
စကားမပြောတော့ဝမ်းနည်းတယ်...""ဟင်းးး..."
ဂျောင်ဟွမ်သက်ပြင်းအသာချရင်းယိုရှီ
ဘေးနားဝင်ထိုင်လိုက်သည်...
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗