Part-21

124 21 0
                                    

နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏
VVIPအခန်းထဲတွင်လူသုံးယောက်
တိတ်ဆိတ်စွာထိုင်နေကြသည်...

စရောက်‌လာထဲကထူးဆန်းတဲ့လေထု
ကြောင့်ယိုရှီနေရခက်လာသည်...
နေ့လည်ကဂျောင်ဟွမ်နဲ့အတူရှိနေတုန်း
ဂျွန့်စီကဖုန်းဝင်လာတာမို့ကိုင်လိုက်ရင်း
ညစာအတူစားရအောင်ပြောလာတာမို့
မတွေ့ရတာကြာတာကတစ်ကြောင်း
ပြောချင်တာတွေရှိနေသေးတာရောနဲ့
ယိုရှီလက်ခံလိုက်မိသည်...

အဲ့အထိအဆင်ပြေသေးပေမဲ့ညစာ
စားဖို့ချိန်ထားတဲ့နေရာကိုသွားခါနီးမှ
ဟွမ်နီးကသူပါလိုက်ချင်တယ်လို့ပူဆာ
လာခဲ့သည်...အစကယိုရှီငြင်းပေမဲ့
ဂျောင်ဟွမ်ကအကျင့်ပုတ်စွာပင်
Pheromonesတွေနဲ့ဖိအားပေးပြီး
သူမလိုက်ရရင်ယိုရှီလဲမသွားရဘူးဆို
ပြီးပြောလာတာမို့နောက်ဆုံးတော့
ချိန်းထားတဲ့နေရာအထိဒီကလေးပါ
ပါလာတော့သည်...

ယိုရှီဂျွန်ကိုအားနာစွာကြည့်မိရင်း....

"ဂျွန်...ဆောရီးပါကွာဒီကလေးက
မလိုက်ရလို့ဂျီကျနေလို့..."

"ကိုကို!..."

"အာမှားလို့...ကလေးမဟုတ်ဘူး
ဒီလူကြီးလေးကဟုတ်ပြီလား..."

ရှေ့ကတစ်ခြားသူနဲ့ရယ်မောကလူကျီ
ဆယ်နေတဲ့ချစ်ရသူကိုကြည့်ရင်းဂျွန်
တစ်ယောက်ရေခွက်ကိုသာကုန်တဲ့အထိ
မော့သောက်လိုက်သည်...

"ရပါတယ်...ငါကဒီတိုင်းမင်းနဲ့မတွေ့ရ
တာကြာလို့တွေ့ချင်ရုံပါ"

"အဲ့ဒါတော့ဟုတ်တယ်ငါလဲဒီကြားထဲ
ပြဿနာနည်းနည်းရှိနေခဲ့တာ..."

ယိုရှီရှေ့က စားစရာတွေထဲကမျက်စိရှေ့
ရှိတဲ့အသားဖက်တစ်ဖက်ကိုကောက်ဝါး
ရင်းဂျွန်ရဲ့မျက်လုံးတွေကိုရှောင်ကာ
စကားပြောနေမိသည်....

"မင်းလဲကြားမှာပါ သတင်းတွေ"

"အင်း.."

ဂျွန်ရဲ့အဖြေစကားအဆုံးပြန်တိတ်ဆိတ်
သွားတဲ့အခန်းလေး....

ဂျောင်ဟွမ် ရှေ့က‌လူကိုအကဲခတ်နေရင်း
ဒီစကားဝိုင်းကိုမြန်မြန်ပွဲဖျက်ဖို့တွေးနေ
မိသည်...

"ယိုရှီ...မင်းအဆင်ပြေလား..."

ဂျွန်ဘာကိုမေးချင်တာလဲဆိုတာယိုရှီ
နားလည်တာမို့ခေါင်းကိုအသာညိမ့်ပြရင်း

The result of playing with fireWhere stories live. Discover now