ယိုရှီဆယ်ကျော်သက်အရွယ်တုန်းက
ဆယ်ကျော်သက်တွေရဲ့သဘာဝအရ
အိမ်နဲ့အဆင်မပြေတာတွေအများကြီး
ရှိခဲ့သည်...လွတ်လပ်မှုကိုတောင်းတတဲ့အရွယ်မို့
နည်းနည်းလေးတားမြစ်ရင်ကိုချုပ်ချယ်
တယ်လို့ခံစားခဲ့ရသည်...ဂျွန်ဂယူတို့နဲ့ကျောင်းမတူတာမို့ယိုရှီမှာ
ကျောင်းတွင်းသူငယ်ချင်းမရှိခဲ့ပါ
ဂျွန်ဝမ်ကျောင်းပြောင်းမလာခင်အထိ
ပေါ့..."ယိုရှီ..."
"အာ့...မင်းကလဲနာတယ်ကွ"
နောက်ကနေပုခုံးကိုအားနဲ့ဖက်လိုက်တာ
မို့ယိုရှီပုခုံးနာသွားရသည်...."ဆောရီး....မင်းကိုတွေ့တော့ပျော်သွားလို့"
ဂျွန်ကဒီကျောင်းကိုစရောက်ထဲယိုရှီတစ်
ယောက်နဲ့ပဲစကားကောင်းကောင်းပြော
သည်...နှစ်ယောက်လုံးAlphaသာဖြစ်မနေရင်
ဂျွန်ကယိုရှီကိုကြိုက်နေတယ်လို့တောင်
ထင်ကြလိမ့်မည်...."ဒီနေ့ဘယ်သွားကြမလဲ..."
ဂျွန်နဲ့ပေါင်းပြီးယိုရှီကျောင်းလစ်နေ
တတ်ပြီ..."ဒီနေ့တော့တော်ပြီ...မနေ့ကငါ့အဖေက
ငေါက်ထားတယ်...""မင်းကလဲ...ငါတို့ကငယ်တုန်းလွတ်လပ်
တာကွ..."ယိုရှီ ဂျွန်ကိုကြည့်ပြီးအားကျခဲ့မိသည်...
ဂျွန်ကဘာလုပ်လုပ်ဘယ်နေရာသွား
သွားတားမဲ့သူမရှိပေ...သူ့မှာတော့လမ်းထိပ်သွားမယ်ဆိုရင်
တောင်အတော်လေးပြောယူနေရတာ
မျိုး...နောက်ပြီးဟိုလူနဲ့မပေါင်းနဲ့ဒီလူနဲ့
မပေါင်းနဲ့ဆိုတာကြီးလဲယိုရှီသဘောမကျပါ...ဂျွန်နဲ့သူငယ်ချင်းလုပ်နေတာလဲအဖေသိ
ရင်ယိုရှီအရိုက်ခံရမှာအမှန်ပင်..."ဟေ့ကောင်....ဘာတွေတွေးနေတာလဲ..."
"အာ...ဘာမှမဟုတ်ဘူး...ငါတို့အခန်းထဲ
သွားရအောင်...""အင်း...သွားမယ်..."
ပုခုံးချင်းဖက်ပြီးစာသင်ခန်းထဲဝင်သွား
တဲ့သူတို့ရဲ့လူငယ်ဘဝတွေကပျော်စရာ
ကောင်းခဲ့ပါသည်....
YOU ARE READING
The result of playing with fire
Fanfictionဒီplotလေးကရေးမယ်လို့တွေးနေတာကြာပြီ ခုမှပဲလက်တွေ့အကောင်ထည်ဖော်ဖြစ်တော့တယ် အကောင်းဆုံးကြိုးစားပြီးရေးမှာမို့သဘောကျ မယ်လို့မျှော်လင့်ပါတယ်ရှင့်💗