အခန်း-၁

2K 53 2
                                    

Unicode///

မမသွယ်က အင်း လဲ့လဲ့မျိုးသွယ်က ကျွန်မအချစ်ဦး
အမျိုးသမီးပေါ့... နွေရာသီကျောင်းပိတ်ရက်ဆိုရင် ကျွန်မကမွေးရပ်မြေဖြစ်တဲ့ဗေဒါမြို့ကိုပြန်သွားရမှာကို
အရမ်းသဘောကျတယ်...မိဘနှစ်ပါးလုံးကတော့ အဲ့မှာပဲနေထိုင်စားသောက်ကြပြိး ကျွန်မကတော့ မန္တလေးကိုလာပြိးကျောင်းသွားတက်ရတယ်။ဒီနွေလဲ  ဘေးအိမ်ကမမသွယ်ကိုသွားပြိး ငေးကြည့်ရမယ်။

မမသွယ်က ကျွန်မအပေါ်အေးစက်လွန်းတယ်။ပြုံးရယ်မောတာကိုလဲ ကျွန်မမမြင်ဘူးသလို သူမကလဲ ပြုံးရယ်ပြမနေ။အရှိကိုအရှိတိုင်းလေးနေပြိး အေးအေးချမ်းချမ်းနေတယ်။ကျွန်မအသက်၁၁
နှစ်မှာပဲ မမသွယ်က၁၅နှစ်ရှိနေပြိဖြစ်တယ်
ကျွန်မအသက်၁၅နှစ်မှာ မန္တလေးကိုကျောင်းပြောင်း
လာခဲ့ရတယ်။ဗေဒါမြို့မှ ကျောင်းမရှိပဲ... မေမေပြော
ပြပုံအရဆိုရင် ဗေဒါမြို့မှာစီးပွားရေးလုပ်တာက
ပိုပြိး အကျိုးရှိတယ်တဲ့လေ။ကျွန်မအဖွားအမေက ဗေဒါမြို့မှာမွေးတယ်။ဖွားဖွားကလဲ ဗေဒါမြို့မှာနေပြိး လုပ်ကိုင်ရှာဖွေခဲ့တယ်။ဖိုးဖိုးဆုံးပါးသွားပြိးနောက်
ဖွားဖွားက ဗေဒါမြို့ကိုပြန်လာပြိး နေတယ်။
ဗေဒါမြို့ကနေ ရှာဖွေခဲ့တဲ့ပိုတ်ဆံတွေနဲ့ပဲ
မေမေတို့ကိုကျောင်းထားခဲ့ပြိး မေမေတက္ကသိုလ်
ရောက်တော့ ဖွားဖွားကနှလုံးအမောဖောက်ပြိး ဆုံးသွားတယ်။

ကျွန်မအတွေးတို့ကိုဒီနေရာမှာပဲရပ်တန့်လိုက်ပြိး အိပ်ဖို့
ပြင်ဆင်လိုက်သည်။မနက်ဖြန်မနက်စောစောထပြိး ဗေဒါမြို့ကိုပြန်ဖို့ကားထွက်တဲ့နေရာမှာ သွားစောင့်ရမယ်
လေ။

The morning later...

နေကပူပူ  လူတွေကရှုပ်ရှုပ်ဖြစ်နေတာကြောင့် ကျွန်မစိတ်တိုလာ၏။ သင်္ကြန်ရောက်တော့မှာဆို
တော့ လူတွေက သူသူငါငါဖြင့်ရွာကိုအမြန်ပြန်သွားကြ
သည်။ Taxiက တစ်စီးမှမအား
ကျွန်မသက်ပြင်းချပြိးမှ...

"ဟေ!  တူမငယ်လေး...ကားငှားစောင့်နေတာလား"

မျက်စောင်းထိုးဦးလေးကြီးက ရပ်နေပြိး အော်ပြောလာတာမို့  သွားလာနေသူ၏အကြည့်တို့က ကျွန်မထံကျရောက်လာပြိး  ကျွန်မလဲ ထို့ဦးလေးကြီးရှိရာကိုသွားလိုက်ပြိး ဦးလေးကြီးကရပ်နေသည်။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now