အခန်း-၁၅

500 19 0
                                    

Unicode///

"မမသွယ်!"

မေဝင်းခေါ်တော့  မမသွယ်ကလှည့်ကြည့်လာသည်။
မျက်နှာဖြူဖြူဖျော့ဖျော့လေးက မမသွယ်အလှကို
မဖုံးကွယ်ထား...လှနေဆဲပင်။

နှုတ်ခမ်းလေးကိုမတော်တဆအကြည့်ကရောက်မိပြန်
လေသည်။ ဆေးလိပ်ခိုးသောက်တက်နေသည်တဲ့လေ
ကိုယ်မျက်လုံးကိုယ်တောင် မယုံနိုင်သေး။

မမသွယ်က မေဝင်းရှိရာကိုလျှောက်လာသည်။

"ဘာများဖြစ်သလဲလို့...ကလေးရယ်၊တို့မှာ စိုးရိမ်
သွားတာပဲကွယ်"

"ဟီး...မမသွယ်ကိုမြင်တော့ အံ့ဩသွားလို့ပါ"

"အင်းပါ...ဟုတ်ပါပြိ၊အခု ဘယ်သွားမလို့လဲ"

"မမထက်ကိုသွားကြိုပေးမို့..."

အသံတိုးတိုးနှင့်ပြောမိတော့ မမသွယ်မျက်ဝန်းတို့က
အရိပ်အယောင်တစ်ခုဖြတ်သွားသယောင်၊ မေဝင်း
စိတ်ထဲဘာဖြစ်လို့ဖြစ်မှန်းမသိပါ။

လဲ့လဲ့မသိမသာကလေးမျက်နှာပျက်မိသည်မှာအမှန်
ငိုချင်သည်။ စိတ်ထဲဝမ်းနည်းလာပြိး တစ်ခုခုကိုမကျေ
မနပ်ဖြစ်ရ၏။

"တို့ တစ်ခုလောက်မေးလို့ရမလားဟင်"

"ဟုတ်ကဲ့..."

"ထက်ထက်ဆိုတဲ့ကောင်မလေးကို ဘယ်လို့မြင်လဲ"

မေဝင်းပြုံးစစလေးဖြင့်အဖြေကိုပေးမိသည်။

"သဘောထားပြည့်ဝတဲ့ကောင်မလေးပေါ့
လှတော့လှတယ်...ဒါမဲ့ ကျွန်မရင်ထဲအမျိုးသမီး
လောက်တော့ မလှပါဘူး၊မဟုတ်ဘူး ကျွန်မအမျိုးသမီးက ဘယ်သူနဲ့ယှဉ်ယှဉ် ပိုပြိးတော့
လှတယ်  ယှဉ်တောင်မယှဉ်နိုင်ကြဘူး"

လဲ့လဲ့နှုတ်ခမ်းထက်ကအပြုံးလှလှလေးက
သူမစိတ်ကိုကျေနပ်သွားသယောင်၊ တကယ်ပဲ
ကလေးမလေးက ငါကိုချစ်နေသေးတာပဲ။ကြည်နှုး
မူကြောင့် ဘာလုပ်ရမှန်းမသိတော့။

မမသွယ်မျက်နှာလေးကို ကြည့်တော့ ပြုံးပြုံးလေး
ဖြစ်နေသည်မို့ မေဝင်းသဘောတကျဖြစ်မိပြန်သည်။
ရယ်လိုက်တိုင်း မို့တက်လာတဲ့ပါးပြင်ဖွေးဖွေးလေးက
ပန်းနုရောင်သန်းစွာ။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now