အခန်း-၁၄

475 20 0
                                    

Unicode///

"မောင်...အာပူလျှာပူသောက်ချင်တယ်"

မမထက်စကားကြောင့် မေဝင်းလှည့်ကြည့်တော့ မမ
ထက်ပြောသည်ဆိုင်လေး၊ ထို့ဆိုင်လေးကိုကြည့်ရင်း
မမသွယ်နဲ့မေဝင်းပုံရိပ်တို့ကို ပြန်မြင်ယောင်လာ၏။

သာမာန်ဆိုင်တစ်ဆိုင်ဖြစ်ရင် မေဝင်းဝင်ရဲသည်၊သို့
သော်  ဒီဆိုင်ကိုတော့ မေဝင်းမဝင်ရဲပါ...ဘာကြောင့်
ဆိုတာကိုလဲ မရှင်းပြရင်တော့ သိမယ့်ထင်ပါသည်။

မောင်မျက်နှာအခြေအနေကမဟန်တော့မှာ ဒီနေရာမှာ
မောင်တစ်ခုခုဖြစ်ခဲ့တာကို ထက်ထက်ရိပ်မိစပြုလာ
သည်။မောင်က ထက်ထက်ပြောသည်ဆိုင်ကိုပဲ
စိုက်ကြည့်နေကာ...

"မောင် မသောက်ချင်လို့လားဟင်"

မမထက်စကားကြားတော့ မေဝင်းမျက်ဝန်းတို့က
လှုပ်ခက်လာပြိး မမထက်ကိုကြည့်မိသည်။

"မသောက်ချင်လို့မဟုတ်ပါဘူး...ဒီအတိုင်းပဲ
ဗိုက်အခြေအနေကိုတွေးမိသွားတယ်"

"အာ...ဟုတ်သား၊ မောင်ဈေးထဲမှာ မုန့်တွေအများကြီး
စားခဲ့သေးတာပဲ...ထားလိုက်ပါတော့၊နောက်တစ်ခါမှာ
ဝင်သောက်ကြတာပေါ့"

မျက်နှာငယ်လေးနဲ့ပြောလာသည်၊ မေဝင်းစိတ်ထဲအပြစ်တစ်ခုရှိသွားသလို့ပင်...တစ်ပါးသူဆန္ဒကိုတောင်သူမလိုက်လျောရဲတာ၊သူကိုယ်သူ ဘယ်လိုလူကောင်းဟု ခေါ်ဆိုနိုင်တော့မှာလဲ။

"မမထက် သောက်ချင်ရင်သောက်ပါ၊ မမထက်သဘော
ကျွန်တော်က ဘယ်လိုနေနေရပါတယ်"

"တကယ်လား !"

"တကယ်..."

"ဒါမှ  ငါမောင်ကွ...ဟီးဟီး"

မမထက်ကဂုဏ်ဆာသလိုပြောလာသည်မို့ မေဝင်း
သဘောတကျရယ်မိသား၊ အသည်းကွဲနေချိန် အနား
မှာတစ်ယောက်ယောက်ရှိနေတာကလဲ ကောင်းတော့
ကောင်းသားပဲ။

မမထက်နဲ့မေဝင်းဆိုင်၏ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်
ကြသည်။ အာပူလျှာပူပွဲတွေပြင်ပေးနေတဲ့အန်တီ
ကြီးက  မေဝင်းအသံကြားတော့ မော့ကြည့်လာသည်။

မေဝင်းပြုံးပြလိုက်ပြိး...

"ဟေး! ကလေးမ၊ပုံမှန်အတိုင်းပဲလား"

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now