အခန်း-၆

577 17 0
                                    

Unicode///

"မမ ဘာလုပ်တာလဲဗျာ...အဲနားမှာပဲ ထိုင်နေပါဆို"

ကလေးမလေးအသံကြောင့် လဲ့လဲ့ကုတင်ပေါ်ကို ပြန်ပြိး စွေ့ကနဲ့ခုန်တက်လိုက်မိတဲ့အထိ။ဆေးရုံတက်နေရတဲ့
နှစ်ပတ်အတွင်း သန့်စင်ခန်းသွားချိန်ကလွဲရင် တစ်ခြားအချိန်တွေဆို မိမိအနားမှာပဲ ကပ်နေသူကြောင့် ကုတင်ပေါ်ကနေဆင်းခွင့်မရ။

အခုလည်း လဲ့လဲ့စားဖို့မနက်စာသွားယူတာနဲ့ သူမရှိတုန်း အောက်ကလေးခြေခြဖို့ လုပ်ခါမှာ ပြန်လာရတယ်လို့။ဖော့ဘူးနဲ့အအေးဘူးတွေကို ကိုင်ထားသူက လဲ့လဲ့အနားကိုရောက်လာပြိး စားပွဲပေါ်ကို တင်ကာ လဲ့လဲ့ကိုမကြည်သလို
ကြည့်လေ၏။

"မမသွယ်က ကျွန်တော်စကားဆိုဘယ်တော့မှနားမထောင်ဘူး"

"ဟို နားမထောင်တာမဟုတ်ပါဘူး ကလေးရယ်၊မမ လှဲနေရတာ မကြိုက်လို့ အောက်ကိုခနလေး
ဆင်းကြည့်တာပါ"

"ဆင်ခြင်တွေပါဗျာ...မမသွယ်နော် မြန်မြန်သက်သာချင်ရင် သေချာလေးအနား
ယူရမှာပေါ့"

"အင်း  အင်းပါ...မမ မှားသွားပါတယ်၊တောင်းပန်ပါတယ်နော်"

မျက်နှာငယ်လေးနဲ့တောင်းပန်လာသူကို ကြည့်ပြိး မေဝင်းနှုတ်ခမ်းထောင့်စွန်းလေးက ကွေးကျသွား
သည်။မမသွယ်က သူမကြိုက်တာကိုရိပ်မိပုံပေါ်သည်။အခုထိ မျက်လုံးဝိုင်းဝိုင်းကြီးနဲ့သူကိုကြည့်နေတုန်း။

မေဝင်းမနက်စားပြင်ဖို့ ထွက်လာလိုက်သည်။မမသွယ်အတွက် မေမေက ဒံပေါက်လေးအိမ်မှာ
လုပ်ပြိး ခုနကပို့ပေးလာ၏။မမသွယ်ကိုထူလိုက်ပြိး စားပွဲခုံလေးပေါ် ဖော့ဘူးလေးနှစ်ဘူးကိုတင်လိုက်ပြိး မမသွယ်အတွက် အရင်ဖွင့်ပေးပြိးဇွန်းလေးကို တပ်ပေးလိုက်သည်။ပြိးနောက် မမသွယ်အတွက်
ဖန်ခွက်တစ်ခွက်ထဲရေထည့်ပြိး စားပွဲပေါ်တင်ပေးလိုက်သည်။

သူအကုန်ပြင်ဆင်ပြိးနောက် ဘေးခုံတွင်ထိုင်လိုက်ပြိး ဒံပေါက်ဘူးကိုယူပြိး ဖွင့်ဖို့အလုပ် တစ်ခုခုကိုသတိရသွားသည်။

မမသွယ်ကိုကြည့်တော့ ညာဘက်လက်မှာကျောက်
ပတ်တီးစီးထားရတာဖြစ်ပြိး ဘယ်ဘက်လက်ကတော့ ဇွန်းမကိုင်တက်လို့လားမသိ။ကိုင်ထားတဲ့လက်ကတုန်ယင်နေသည်။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now