အခန်း-၁၃

501 19 0
                                    

Unicode///

ကလေးမလေးဘေးတွင်ထိုင်နေတဲ့မိန်းကလေးငယ်
ကြောင့် လဲ့လဲ့မျက်ခုံးကလေးတစ်ချက်ပင့်သွား၏။

အန်တီကတော့ လဲ့လဲ့ကိုကြိုဆိုသည်။လဲ့လဲ့ဝင်လာ
လိုက်ပြိး စားပွဲခုံအနားကိုလျှောက်သွားလိုက်သည်။
အနားရောက်သွားလေလေ ရင်ခုန်သံတို့က တဆ
တဆပိုပြိး မြန်ဆန်လာခဲ့သည်။

မိန်းကလေးငယ်ကတော့ လဲ့လဲ့မျက်နှာကိုစိုက်ကြည့်
နေသည်။လဲ့လဲ့ပြုံးပြတော့ ခေါင်းညိတ်ပြိး ကလေးမ
လေးကို ပြန်ကြည့်သည်။

"သမီးလဲ့လဲ့...မနက်စာ စားပြိးပြိလား"

"ဟုတ်  စားပြိးပြိ  အန်တီ"

"ဟော...ဘယ်လိုများ ရောက်လာတာလဲ"

"လဲ့လဲ့ဖိတ်စာလေးလာပေးတာပါရှင်"

မမသွယ်အပြောကြောင့် မေဝင်းရေခွက်ကိုမော့သောက်
လိုက်သည်။ရင်ထဲလှိုက်တက်လာတဲ့ဝမ်းနည်းမှုနဲ့ပူလောင်မှုက
ဘယ်နည်းနဲ့မှဖြေဖျောက်နိုင်မယ်မထင်။

"ဟေ! လဲ့လဲ့တောင်မင်္ဂလာဆောင်တော့မှာပေါ့!"

အန်ကယ်ကရယ်သံစွတ်ပြိးပြောလာသည်။

"ဟုတ်တယ်...အန်ကယ်၊ဒါနဲ့ မေဝင်း နေကောင်း
သက်သာလား"

လဲ့လဲ့ပြုံးပြုံးလေးမေးတော့ ကျောပေးထိုင်ထားတဲ့
ကလေးမလေးက လဲ့လဲ့ကိုလှည့်ကြည့်လာပြိး ပြုံး
ပြကာ...

"သက်သာတယ်  မမသွယ်...လက်ထပ်တာဂုဏ်ယူပါ
တယ်နော်"

"ကျေးဇူးတင်ပါတယ်ရှင်...မင်္ဂလာဆောင်တဲ့နေ့ကျ
ရင်  လာဖြစ်အောင်လာပေးနော် ကလေးလေး"

မေဝင်းခေါင်းညိတ်လိုက်သည်။ဘေးကအမထက်က
တော့  မေဝင်းကိုကြည့်လိုက် မမသွယ်ကိုကြည့်လိုက်
မေမေနဲ့ဖေဖေကတော့ ဘာမှဝင်မပြော။

"အာ...ဧည့်သည်ရောက်နေတာပါပဲ"

"ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ်
ကျွန်မနာမည်ကထက်ခိုင်ပါ.....မေတ္တာလွှမ်းဆေးရုံ
မှာ တာဝန်ထမ်းဆောင်နေတဲ့သူနာပြုတစ်ယောက်ပါ"

"ဪ...ဟုတ်ကဲ့၊ကျွန်မနာမည်က လဲ့လဲ့မျိုးသွယ်ပါ
ဘေးအိမ်ကပါရှင်"

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now