အခန်း-၂

844 35 0
                                    

Unicode///

အိမ်ထဲခြေချလိုက်တာနဲ့တစ်ခြားကမ္ဘာတစ်ဖက်ကို ရောက်သွားသလိုပင် သူခံစားလိုက်ရသည်။ မမသွယ်ကတော့
နောက်ဖေးဘက်ကိုဝင်သွားလေပြိး ပြန်ထွက်မလာ။

သူ မမသွယ်အနောက်ကိုလိုက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်ပြိး
နောက်ဖေးအပေါက်ရှိရာကိုသာ လျှောက်လိုက်ကာ အပေါက်မရောက်ခင်မှာတင် စကားပြောသံတစ်ခုကိုကြားလိုက်ရသည်။

"ကိုနိုင်ထွန်း...လဲ့လဲ့တို့ မုန့်သွားစားရအောင်လေ
အားတယ်မလား"

မမသွယ်နှုတ်ဖျားကနေကြားလိုက်ရတဲ့အမည်နာမတစ်ခုကြောင့်  သူမျက်ခုံးတန့်တို့က တွန့်ချိုးသွားလေ၏။မမသွယ်ချစ်သူလား  မဖြစ်နိုင်တာ မမသွယ်လိုအေးတိ
အေးစက်ကိုငါမှမယူရင် ဘယ်သူမှယူမှာမဟုတ်ဘူး။

ဖြည့်တွေးလိုက်ပြိး အထဲကိုဝင်သွားတော့ မမသွယ်ကဖုန်းချသွားပြိး  သူကိုလှည့်ကြည့်လာကာ...

"ခနနေရင်  အပြင်မှာ မုန့်သွားစားမယ်...လိုက်ချင်လား"

"ဟုတ်! မမနဲ့ကျွန်တော်နှစ်ယောက်ထဲလားဟင်"

"နှစ်ယောက်ထဲတော့မဟုတ်ပါဘူး...မေမေကားဒရိုင်ဘာကိုနိုင်ထွန်းလဲ ပါမှာ၊ဘာဖြစ်လို့လဲ  မလိုက်ချင်တော့ဘူးလား"

မမသွယ်စကားကြောင့် သူအသည်းအသန်ငြင်းရ
တော့၏။သူ လိုက်ချင်တာပေါ့  ဒါပေမယ့် မမသွယ်ချစ်သူနဲ့ဆိုရင်မလိုက်ဖို့တွေးထားတာ။အခုတော့ လိုက်ရမယ် မမသွယ်ကို  အဲ့ဒီဘဲကြီးနဲ့စိတ်မချနိုင်ဘူး။

"ကျွန်တော် လိုက်ချင်ပါတယ် မမ..."

"မင်းစကားပြောတာကလဲ စိမ်းလိုက်ရန်ကော ငယ်ငယ်တုန်းကလို  မမသွယ် မမသွယ်နဲ့ကပ်ပြိး မပြောတော့ဘူးလား"

"ဟာဗျာ...၊မမသွယ်ကတော့"

ငယ်ငယ်တုန်းကပုံစံကိုအဖော်ခံလိုက်ရတာမို့ သူညည်းပြောလေးပြောတော့ ဘေစင်ထက်ပန်းကန်တွေဆေးနေတယ်
မမသွယ်က သူကိုကြည့်ပြိး နှုတ်ခမ်းတစ်ဖက်တွန့်သွားရုံဆိုမျှ  ပြုံးသည်။

"နောက် တို့ကို အဲ့လို့ခေါ်ပါ၊

မမသွယ်စကားကြောင့် ရင်ထဲတလှပ်လှပ်။မမသွယ်က
တအားရင်ခုန်အောင် သိပ်လုပ်တာပဲ။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now