အခန်း-၄

645 25 0
                                    

Unicode///

လဲ့လဲ့နိုးလာတော့ အောက်ထပ်ဘုရားခန်းက မေမေ၏ဘုရားစာရွတ်ဖတ်သံတို့ကို ကြားလိုက်ရသည်။လဲ့လဲ့ ခေါင်ရင်းဘောင်ပေါ်က ဖုန်းလေးကိုဆွဲယူပြိး ဖွင့်ကြည့်တော့ မနက်၇နာရီ။

ခေါင်းထဲကထိုးကိုက်လာသလိုရှိတာကြောင့် နားထင်ကို  လက်ချောင်းဖြင့်ဖိထားရင်း ပါတင်းပေါက်ဘက်ကို မတော်တဆအကြည့်လှမ်းပို့မိတော့...

"ဟင်..."

တစ်ဖက်အိမ်က ကလေးမလေးက ထို့ပြတင်းပေါက်အနားမှာ ရပ်နေပြိး လဲ့လဲ့အခန်းဘက်ကိုစိုက်ကြည့်နေသည်။

လဲ့လဲ့က ကုတင်ထက်ထိုင်နေတာကြောင့် ကလေးမလေးကမြင်ပုံမပေါ်။ဘာလို့ဆို လဲလဲပြတင်း
ပေါက်အကာက လဲ့လဲ့ခါးအထိရှိသည်လေ။လဲ့လဲ့ဘက်ကသာ ရှင်းလင်းစွာမြင်ရပင်
မဲ့ သူဘက်ကတော့ မမြင်ရလောက်။

လဲ့လဲ့ တစ်နေ့ကအဖြစ်အပျက်တို့လေးကို ပြန်တွေးမိတော့ နှုတ်ခမ်းထောင့်စွန်းလေးက
ကွေးကျသွား၏။လဲ့လဲ့ အတွက်တော့  ထို့အခိုက်အတန်လေးက တကယ်တန်ဖိုးရှိလွန်းလို့
အမြဲအမှတ်ရနေမှာသာ။

မျက်နှာသစ်၊သွားတိုက်လုပ်ဖို့ ထိုင်နေရာကနေထ
လိုက်တော့ ကလေးမလေးဘက်က မြင်သွားပုံရသည်။လဲ့လဲ့ မသိဟန်ဆောင်ရင်း ရေချိုးခန်းဘက်ကိုသာ သွားလိုက်သည်။

အကြည့်လေးတစ်ချက်တောင်စွန့်မကြဲလာသူကြောင့်
မေဝင်းနှာအသာရှုံ့ရင်း အခန်းထဲကနေထွက်လာလိုက်
သည်။ဟွန့် ဒီကမနက်အစောကြီးထပြိး သူမျက်နှာလေး
မြင်ချင်လွန်းလို့ ကြည့်နေတာကို သူကပြန်ချေသွားတယ်။

မေဝင်း မေမေနဲ့ဖေဖေကမနက်စာစားဖို့ပြင်ဆင်နေတဲ့အနား
သွားပြိး ခုံတစ်ခုကိုဆွဲထုတ်ပြိး ဝင်ထိုင်လိုက်သည်။အရှေ့ရှိ  ဖေဖေချပေးတဲ့နွားနို့ခွက်ကို ကြည့်ပြိး သူမျက်နှာကကြောင်အအ။

ဖေဖေကို မော့ကြည့်တော့ ဖေဖေကမီးဖို့နားရပ်ပြိးစားစရာပြင်
ဆင်နေတဲ့မေမေကို စောင်းငဲ့ကြည့်သည်။သဘောက သူကိုနွားနို့တိုက်တာ သူမဟုတ်ဘူး မင်းမေမေပေါ့။

ဖေဖေကိုမျက်စောင်းထိုးပစ်ပြိး မေမေချပေးထားတဲ့
ပေါင်မုန့်တစ်ချက်ကို ကောက်ဝါးလိုက်သည်။ဖေဖေကလဲ ထိပ်ဆုံးက ခုံတွင် ထိုင်ပြိး ကော်ဖီသောက်ကာ မေမေက ငချိတ်ပေါင်း
ပန်ကန်းလေးကိုချပေးရင် ဖေဖေညာဘက်ခြမ်းခုံတွင်
ဝင်ထိုင်လိုက်ပြိး။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now