အခန်း-၈

503 17 0
                                    

Unicode ///

"လဲ့လဲ့မျိုးသွယ်...ဒါဘယ်လဲ"

အနောက်ဘက်ကနေ ထွက်လာတဲ့မေမေအသံ။

လဲ့လဲ့မျက်လုံးတို့က အပြူးသားဖြင့်မေမေကို လှည့်
ကြည့်မိသည်။မေမေကတော့ လဲ့လဲ့မျက်နှာကိုအကဲ
ခတ်ကာ...

"သမီးသုံးနေကျမိတ်ကပ်ဘူးလေး သွားဝယ်မို့ပါ
မေမေ"

"တစ်ယောက်ထဲလား"

"ဟုတ်...သမီးတစ်ယောက်ထဲပါ"

"တစ်ယောက်ထဲ မသွားနဲ့"

"........."

"ကြိုးကြာမ! ဟဲ့ ကြိုးကြာမ!"

မေမေခေါ်သံနောက်တွင် ခပ်ငယ်ငယ်အမျိုးသမီးလေး
ဟာ နောက်ဖေးကနေထွက်လာပြိး မေမေအနားကို
အပြေးရောက်လာသည်။

ဘယ်တုန်းက မေမေခေါ်လိုက်တာလဲဆိုတာကို
သူမသိပါ။ကလေးမလေး ကြည့်ရတာ အူတူတူလေး။

"နင့်မမလေးအနောက်ကို အဖော်အဖြစ်လိုက်သွား
ပေးလိုက်...ကြိုးကြာ"

"ဟုတ်ကဲ့! သခင်မကြီး"

"မလိုဘူး! သမီးတစ်ယောက်ထဲသွားမှာ"

လဲ့လဲ့ထအော်လိုက်တော့ မေမေက လဲ့လဲ့ကို
သဘောမကျသလိုကြည့်ပြိး...

"ဘာလဲ...ဟိုဘက်အိမ်က မေဝင်းမောင်မောင်ကို
ခေါ်သွားမလို့လား"

"မဟုတ်......"

"မဟုတ်ရင် ကြိုးကြာကိုခေါ်သွား
လဲ့လဲ့မျိုးသွယ်...ငြင်းချင်ရင် မသွားနဲ့တော့"

ဒုက္ခပါပဲ လဲ့လဲ့မျိုးသွယ်ရာ၊အပြင်မထွက်လို့တော့
မဖြစ်  ကလေးမလေး သူမလာမချင်းထိုင်စောင့်နေ
လိမ့်မယ်။

အတွေးနဲ့ပင်ခေါင်းကိုက်လာသည်။နောက်ဆုံးတော့
မေမေဆန္ဒအတိုင်း ကြိုးကြာကိုအဖော်ခေါ်ပြိး ထွက်
လာလိုက်သည်။အိမ်နဲ့ခပ်ဝေးဝေးရောက်တော့
သူစီစဉ်ထားသလို လုပ်ဖို့ပြင်လိုက်သည်။

အနောက်ကနေ ခပ်ကုတ်ကုတ်လိုက်လာတဲ့ကြိုးကြာ
ကို လဲ့လဲ့ စောင့်ပြိး ဘေးချင်းယှဉ်လာတော့မှသာ
မျက်နှာကိုနှစ်သက်ဖွယ်အပြုံးနှင့်ပြုံးစေကား...

"အဟမ်း...ကြိုးကြာနော် နာမည်က"

"ဟုတ်တယ်ရှင်"

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now