အခန်း-၅

597 21 0
                                    

Unicode///

မမသွယ်က မေဝင်းဘေးနားတွင်ရှိနေတာမို့ မေဝင်း ရင်ခုန်လာသည်။အခုက ညဘက်ဖြစ်နေတာကြောင့် ကောင်းကင်မှာကြယ်တွေသာ တစ်လက်လက်။မမသွယ်က သူအိမ်ရှေ့ကိုရောက်တာနဲ့ သူကိုကြည့်လာကာ။

"အိမ်ထဲဝင်တော့...အပြင်ကအေးတယ်"

"ဟုတ်...ဟိုလေ"

တားလိုက်တော့ မမသွယ်က ဘာလဲဆိုတဲ့သဘော
ပါနေတဲ့ မျက်ဝန်းတွေနဲ့ကြည့်လာသည်။တကယ်တော့လေ သူဖွင့်ပြောလိုက်ချင်ပင်မဲ့ အခု အခုက...။

"မနက်ဖြန်အားလားဟင်"

"အားပါတယ်...ဘာဖြစ်လို့လဲ"

"ဘုရားတူတူသွားရအောင်လေနော်"

"ဟုတ်ပြိ...ဘယ်အချိန်သွားချင်လဲ"

"ညနေ နေဝင်ချိန်"

မမသွယ်က သူစကားကိုလက်ခံသလိုခေါင်းတညိတ်ညိတ်လုပ်
ပြိး သူလည်း မမသွယ်မျက်နှာကိုငေးကနဲ့။

"ဟုတ်ပြိ...အခုတော့ အိပ်တော့နော်"

"ဟုတ်...အိမ်မက်လှလှလေးမက်ပါစေနော် မမသွယ်"

"အင်း...မင်းရောပဲ"

မမသွယ်ကပြောပြိး ချာကနဲ့လှည့်ထွက်သွားသည်။
မေဝင်း ပြုံးလိုက်ပြိး မမသွယ်အိမ်ထဲဝင်သွားသည်အထိ
ရပ်ကြည့်နေမိ၏။မမသွယ်အိမ်ထဲရောက်သွားမှာသာ
မေဝင်းလဲ အိမ်ထဲဝင်လာလိုက်သည်။

အိမ်ထဲဝင်တော့ ဖေဖေနဲ့မေမေကTVကြည့်နေပြိး
မေဝင်း ဝင်လာတာကို မေမေက မြင်သွားပြိး။

"ပြန်လာပြိလား  ထမင်းစားပြိးပြိလား သမီး"

"ဟုတ်  စားပြိးပြိ မေမေ"

မေမေက ခေါင်းညိတ်ပြပြိး ကြည့်စရာရှိတာကြည့်
သည်။မေဝင်းလဲ အပေါ်ထပ်က မိမိအခန်းကိုတက်
လာခဲ့လိုက်သည်။တစ်နေကုန် ဘာမှမလုပ်ရပင်မယ်
သူပင်ပန်းနေသည်။

အိပ်ရာထက် လှဲချလိုက်ပြိး မျက်ဝန်းတို့ကိုမှိတ်လိုက်
သည်။ဒီနေတစ်နေ့တာအဖြစ်ပျက်တို့က သူအာရုံထဲ
ကို တိုးဝင်လာသည်။တစ်ခါလေးမှတောင် စိတ်ကူးမ
ယဉ်ကြည့်ဖူးတဲ့သူအတွက်တော့ ဒီအဖြစ်အပျက်တွေ
က  လိုက်မမှီနိုင်လောက်အောင် ဖြစ်ရသည်။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now