အခန်း-၁၉

583 19 0
                                    

Unicode///

"မောင်"

ထက်ထက်ခေါ်တော့ မောင်မျက်နှာထက်ကအပြုံး
လေးများဟာ ရုတ်ချည်းပျောက်ကွယ်သွားပြိး အမည်
မဖော်လိုတဲ့အရိပ်တို့ကနေရာယူထားလေသည်။

မောင်ဟာ ဘေးကဟိုမိန်းမကိုဘာပြောတာလဲမသိ။
ဟိုမိန်းမကလဲမာန်ပါပါနဲ့ထက်ထက်ရှိရာကို လှည့်
ကြည့်လာသည်။ ထက်ထက်မျက်နှာက တဖြည်း
ဖြည်းပျက်ယွင်းလာပြိး အခြေအနေကိုရိပ်စားမိသလို
ရှိလာခဲ့သည်။

ခနနေတော့  မောင်နဲ့ဟိုမိန်းမ ထက်ထက်အရှေ့ကို
လျှောက်လာကြပြိး လက်ချင်းကယှဉ်တွဲပြိး ချိတ်ထား
သေးတာကြောင့် ထက်ထက်ရင်ထဲဆစ်ကနဲ့ပင်။

"ဘယ်လိုများရောက်လာတာလဲ  မမထက်"

"ဟင်"

"မေမေတို့ဆီအလည်လာတာလား၊ အာ စိတ်မကောင်း
စရာပဲ...မေမေနဲ့ဖေဖေက ပွဲရုံခနသွားတယ် ပြန်လာ
မှာမဟုတ်သေးဘူး"

အိမ်အလည်လာတယ်ထင်ပြိး ပတိကတိဖြူစင်စွာ
ရှင်းပြနေတဲ့မောင်ကို ထက်ထက်ငေးကြည့်မိသည်။

ထို့အချိန်

"မနက်ဖြန်  မမတို့အပြင်သွားကြမယ်နော်....."

လဲ့လဲ့အသံကြောင့် ကလေးမလေးကပြုံးကာ ခေါင်း
ညိတ်ပြသည်။အရှေ့ကမိန်းကလေးမျက်နှာက ငြိုးငယ်
စွာပင်။ လဲ့လဲ့မမုန်းပင်မဲ့ အနည်းငယ်တော့မနာလိုဖြစ်
မိသား။

မေမေသာ လဲ့လဲ့ကိုခွင့်လွှတ်မပေးရင် အခုချိန် ကလေးမလေးဘေးမှာ လဲ့လဲ့မဟုတ်တဲ့တစ်ခြားမိန်းကလေးကရှိနေမှာ

"အမက မနက်ဖြန်မင်္ဂလာဆောင်တော့မှာမလားဟင်
မောင်...အမနဲ့မောင်က ဘယ်လို့ပတ်သက်တာလဲ
အမလက်ကိုဘာလို့ကိုင်ထားတာလဲ၊ မဟုတ်မှ..."

သံသယမျက်ဝန်းတို့က လဲ့လဲ့တစ်ကိုယ်လုံးကိုခြုံကြည့်
ပြိး  ယှဉ်တွဲကိုင်ထားတဲ့လက်ကိုပါ စူးစူးစိုက်စိုက်ကြည့်
သည်။  ကလေးမလေးမျက်နှာက အားနာသလိုအရိပ်
အယောင်များနှင့်။

"အာ...တို့က မေဝင်းလေးရဲ့ဇနီးမယားဖြစ်သွားပြိ
တို့က မေဝင်းမောင်မောင်တစ်ယောက်ထဲကိုပဲ ချစ်
တာ၊ ပြိးတော့  တို့က မေဝင်းမောင်မောင်နဲ့ပဲလက်
ထပ်မှာ...ဘယ်သူနဲ့မှမလက်ထပ်ဘူး"

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now