အခန်း-၇

536 17 0
                                    

Unicode ///

"ကိုသန့်ထိုက်ကျော်..."

ကိုသန့်က လဲ့လဲ့ကိုပြုံးပြလာသည်။လဲ့လဲ့ကိုယ်တိုင်လဲ
အိမ်ရှင်မပိသသူဖြစ်မည်ဆိုးတာကြောင့် ပြန်ပြုံးပြရင်း
အိမ်ထဲကိုဝင်ခဲ့ဖို့ဖိတ်ခေါ်မိသည်။

ထို့အချိန်...

ဒုန်း!!!

ဘေးအိမ်ကတံခါးဆောင့်ပိတ်သံလေးကြောင့် လဲ့လဲ့ကိုယ်လေးက တုန်တက်သွားပြိး ကိုသန့်ထိုက်ကျော်ကတော့
ဘေးအိမ်ကိုစူးစမ်းသလိုကြည့်၏။

လဲ့လဲ့ထွေထွေထူးထူး လှည့်မကြည့်ဖြစ်တော့၊ထို့အိမ်မှာ
အားသန်လှတဲ့လူငယ်ဆိုလို့ ကလေးမလေးတစ်ယောက်သာရှိသည်။ ကိုသန့်ထိုက်ကျော်ကိုသာ အိမ်ထဲဝင်ဖို့
ပြောရင်း အရှေ့ကနေ ဦးဆောင်ပြိးအိမ်ထဲဝင်လာလိုက်
သည်။

ဘေးတိုက်လမ်းလျှောက်နေသည်မို့ ညီမလေးလဲ့လဲ့
ပါးပြင်ထက်က သနပ်ခါးနံ့သင်းသင်းလေးက လေအဝေ့နဲ့အတူ သန့်ထိုက်ကျော်ကိုလာကျီစယ်သည်။

သန့်ထိုက်ကျော်ပြုံးလိုက်ရင်း ညီမလေးလဲ့လဲ့ကို
စောင်းငဲ့ကြည့်တော့ မျက်နှာမသာမယာနဲ့အရှေ့ကိုပဲ
ကြည့်နေသည်။

သန့်ထိုက်ကျော်လဲ ပြန်လှည့်ကြည့်တော့ အိမ်အပေါက်ဝတွင် အန်တီယုယက ရပ်နေသည်။အန်တီယုယမျက်နှာက သူကိုမြင်သည်နဲ့ပြုံးဟန့်ပြုလာ
သည်။

အနားရောက်တော့ သူယဉ်ကျေးစွာနဲ့ခေါင်းငုံ့
နှုတ်ဆက်လိုက်ပြိး ညီမလေးလဲ့လဲ့အနောက်ကနေ လိုက်ဝင်မိသည်။အန်တီယုယကတော့ သူတို့အနောက်ကနေလိုက်လာ၏။

"ထိုင်ပါဦး...သားလေး"

အန်တီယုယထံက 'သားလေး'ဆိုတဲ့အမည်နာမကြောင့်
သန့်ထိုက်ကျော်မျက်ခုံးပင့်မိသည်။ညီမလေးလဲ့လဲ့ကတော့
ဘာမှမပြောပဲ ထိုင်ခုံတွင်ထိုင်ပြိး ငြိမ်နေသည်။ဘေးလွတ်ထိုင်ခုံထက် သူဝင်ထိုင်ပြိး။

"ည်ီမလေး ကားတိုက်ခံရတယ်လို့ ကြားတယ်
သက်သာလား"

"သက်သာပါတယ် ကိုသန့်၊အခု အဲ့သတင်းကြောင့်
ကျွန်မဆီလာတာလား"

"ဟဲ့  အားနာစရာကောင်းအောင်
ဘယ်လိုတွေပြောနေတာလဲ လဲ့လဲ့မျိုးသွယ်"

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now