အခန်း-၁၆

511 16 0
                                    

Unicode///

လဲ့လဲ့အရှေ့တွင်လူအုပ်စုလေးများကိုကြည့်ပြိး
မျက်မှောင်လေးကြုတ်လျက် စိတ်တိုမိသည်။

မေမေဟာ လဲ့လဲ့ဆေးလိပ်ခိုးသောက်တာနဲ့ပတ်
သက်ပြိး မကျေနပ်သည်ကို လဲ့လဲ့ကိုယ်တိုင်သိသည်။
သို့သော် မေမေက လဲ့လဲ့ကိုတိုက်ရိုက်ပြောမလာပဲ
တယုတယဖြင့်ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ပန်း
ပင်အိုးလေးများကို ဖယ်ရှားပစ်လေ၏။

စိတ်တိုနေတာကို ရင်ထဲသိမ်းထားပြိး ခေါင်းငိုက်စိုက်
ချပြိး မှိုင်ထွေလျက်ဖြင့်အိမ်ထဲကိုသာပြန်ဝင်လိုက်၏။
မေမေကတော့ သယ်ဆောင်နေသူအနားတွင်ရပ်ပြိး
ကြည့်နေလေသည်။

အိမ်ထဲရောက်တော့ ကြိုးကြာမကမျက်နှာပျက်စွာနဲ့
တံမြတ်စည်းလှန်းနေသည်မို့ လဲ့လဲ့မျက်စောင်းထိုး
ပြိး အိမ်ပေါ်ထပ်ကိုတက်လာလိုက်သည်။ဒင်းလေး
ကြောင့် ဆေးလိပ်သောက်တာ သိသွားတာ။

ကြိုးကြာမျက်နှာမကောင်းတော့ပေ၊ မမလေးက
တကယ်ကိုပဲ  ကြိုးကြာကိုစိတ်ဆိုးနေတော့သည်။
ကြိုးကြာလဲဖွက်ဖို့လုပ်လိုက်ပါသေးသည် သို့သော်
သခင်မကြီးဟာ တွေ့ရှိသွားခဲ့လေသည်။

"အား! စိတ်တိုလိုက်တာ!"

မမလေးအော်သံစူးစူးကြောင့်
ကြိုးကြာကိုယ်လေးတုန်တက်သွားသည်။

အပေါ်ထပ်ကနေဆောင့်အောင့်ပြိးအော်နေတဲ့
မမလေးအသံကို သခင်မကြီးကြားပါလျင် မမလေး
ထပ်ပြိး အဆူခံနေရပါဦးမယ်လေ။

ထို့စိတ်ကလေးနဲ့အတူ ကိုင်ထားတဲ့တံမြတ်စည်းကို
ဘေးတိုင်နားမှီချပြိး အပေါ်ထပ်ကိုအပြေးတက်လာ
ခဲ့လိုက်၏။

ဒေါက်! ဒေါက်!

"မမလေး...ကျွန်မပါ"

ဝုန်း!

တံခါးကဆောင့်ဖွင့်လိုက်သည်မို့ ကြိုးကြာလိပ်ပြာ
လွင်ထွက်မတက်။ မမလေးဟာ သူကိုကြည့်ပြိး
မေးဆက်ပြကာ ကြိုးကြာဘေးပတ်ဝန်းကျင်ကို
ဝေ့ကြည့်ပြိး သခင်မကြီးတက်မလာတာသေချာမှာ
မမလေးကိုပြန်ကြည့်ရင်း။

"မမလေး...တိုးတိုးနေပါ၊မမလေးအသံကြောင့်
သခင်မကြီးသာကြားသွားရင် မမလေးအဆူခံထိပါမယ်"

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now