အခန်း-၉

607 30 0
                                    

Unicode///

"မမသွယ်..."

အက်ကွဲနေတဲ့အသံကလေးကြောင့် လဲ့လဲ့အလန့်တကြား အနောက်ကိုလှည့်ကြည့်လိုက်
မိသည်အထိ။

"မမသွယ်..."

"ဘယ်လို...ဘယ်လိုများ ဖြစ်နေရတာလဲကွယ်"

"မမသွယ်...၊ကျွန်မကိုဖက်ပေးပါ"

ပျော့ခွေလုမတက်ဖြစ်နေတဲ့ကိုယ်ငယ်လေးက လဲ့လဲ့
ရင်ခွင်ထဲအပ်နှင်းလာပြိး ရေစိုနေသောအင်္ကျီကြောင့်
လဲ့လဲ့ဝတ်ထားတဲ့အင်္ကျီလေးကိုပါ ကူးစက်လာစေ
သည်။

စနေ့မိုးက ရက်စက်စွာနဲ့ရွာသွန်းနေဆဲပင်။
တစ်ချက်လောက်ပဲဖြစ်ဖြစ် တိတ်ပေးပါလား မိုးနတ်
မင်းကြီးရယ်၊ ကျွန်မမိန်းကလေးနေမကောင်းဖြစ်မှာ
စိုးရိမ်လို့ပါ...

ဖြူဖျော့နေတဲ့နှုတ်ခမ်းပါးပါးက တုန်တုန်ရီရီ။
သူခါးကိုဖက်ထားသူလက်တွေက မြဲစေသား။

"မမသွယ်"

"ပြောပါ...မမကလေးလေး"

"မမသွယ်ကိုချစ်တယ်...၊အဖြေမပေးချင်လဲ ရပါတယ်
မမသွယ်ရယ်...ဒီအတိုင်းလေးပဲ တကယ်ဒီအတိုင်းလေး ကျွန်မချစ်တာကို မမသွယ်
သိစေချင်ရုံပါ"

"......"

"မမသွယ်က ကျွန်မဘဝအတွက်တော့ တကယ်မက်
မောရတဲ့အမျိုးသမီးတစ်ယောက်ပါပဲ၊မမသွယ်
ကျွန်မ ဒီစကားတွေကိုပြောနေလို့ ကျွန်မကိုမရွံ့ဘူး
မလားဟင်...၊မမသွယ်  ကျွန်မကြောက်တယ် ဟင့်"

သူကိုဖက်ထားတဲ့မမသွယ်လက်လေးတို့ကို ပြန်ပြိး
အောက်သို့လျှော့ကျသွားလေသည်။ဟင့်အင်း
မဖြစ်ဘူး ကျွန်မကိုပြန်ဖက်ထားပါ မမသွယ်ရာ။

"မ...မ  မမသွယ်..."

"ငါကိုလွှတ်..."

ပုခုံးကနေတွန်းဖယ်လာတဲ့လက်သီးဆုတ်ကလေး
များ။

မေဝင်းအယောင်ယောင်အမှားမှားဖြင့်မမသွယ်လက်
ကလေးကို ဆုတ်ကိုင်ထားမိသည်။မေဝင်းအသားက
မာနေတာကြောင့် မမသွယ်လက်ကလေးထိခိုက်မှာ
ဆိုးသဖြင့်...။

"မမသွယ်...တောင်း တောင်းပန်ပါတယ်"

"မင်းကို ငါညီမလေးတစ်ယောက်လို့ပဲသဘောထား
နိုင်တယ်...မေဝင်းမောင်မောင်၊ငါက မိန်းကလေးချင်း
ကြိုက်တဲ့လူစားမဟုတ်ဘူး ငါမှာ စေ့စပ်ထားတဲ့ယောက်
ကျားရှိတယ်"

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now