အခန်း-၁၈

591 23 0
                                    

Unicode///

ဒုန်း!

"မမသွယ်...!"

မေဝင်းခေါ်တော့ မမသွယ်ကလှည့်ကြည့်လာ၏။မျက်
နှာမှာလဲ သွေးတွေပေနေသည်မို့ မေဝင်းလန့်ဖျပ်သွား
ပြိး အော်ဟစ်ကာ ကူညီတောင်းလိုက်မိသည်အထိ။

မမသွယ်ကတော့ ပြုံးနေ၏။ မေဝင်းလဲ ကားလမ်းမ
ပေါ်၌ လဲနေတဲ့မမသွယ်ခန္ဓာကိုယ်လေးကို သတိ
တကြီးနဲ့ပွေ့ဖက်ယူပြိး မျက်ရည်စက်လက်နဲ့ငိုမိ
သည်။

"မ မငိုပါနဲ့ကွယ်"

"အဟင့်ဟင့်!၊မမသွယ် အဆင်ပြေလား ဟင့်!"

"ပြေ...ပြေတယ်၊ တို့အဆင်ပြေတယ်
မငိုနဲ့တော့"

"အား ဘယ်လို့အဆင်ပြေတာလဲ၊ အီးဟီး! သွေး
သွေးတွေ အများကြီးပဲ...ဒီနားမှာ လူလေးမရှိကြ
ဘူးလား! အား! ကျေးဇူးပြုပြိး တစ်ယောက်လောက်
ဖြတ်သွားဖြတ်လာကြစမ်းပါ!"

"အဟွတ်! အဟွတ်!"

မမသွယ်ပါးစပ်ကနေ သွေးတို့ကထွက်ကျလာသည်မို့
မေဝင်းမျက်လုံးတို့က ပြူးကျယ်သွားပြိး၊ မမသွယ်ခ
န္ဓာကိုယ်လေးအား ပွေ့ပိုတ်ပြိး ရင်ခွင်ထဲထည့်ထား
လိုက်မိသည်။

မမသွယ်ကသူခါးကိုပွေ့ဖက်လာပြိး
သူရင်ဘက်ထက် ပါးအပ်ကာ...အသက်ကိုဖြည်းဖြည်း
ချင်းရှုသည်။ မေဝင်းလေရလို့ရငြား လက်တစ်ဖက်နဲ့
ယပ်ခက်သလို့ မမသွယ်မျက်နှာအရှေ့ကိုခါယမ်းလိုက်
၏။

"မမ...မမသွယ်  အသက်ရော ရှုရတာဘယ်လို့နေလဲ
အဆင်ပြေလား...ဘယ်နားကနာနေတာလဲဟင်
ကျွန်မကိုပြော၊ သွေးကလဲမတိတ်သေးဘူး ဒုက္ခပဲ"

မေဝင်းပြောပြိး လမ်းမကြီးရဲ့ဘေးနှစ်ဖက်ကို
လှမ်းကြည့်လိုက်မိသည်။ဘယ်သူမှပင်မရှိပဲ
သူတို့နှစ်ယောက်ပဲရှိနေတာကြောင့် မျက်မှောင်
ကြုတ်မိသွား၏။

စောစောက မမသွယ်ကိုစိတ်ပူဇောကပ်နေသည်
ကြောင့် ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်နဲ့၊အခု ကြည့်မိ
တော့  လမ်းမပေါ်မှာ မမသွယ်နဲ့မေဝင်းတို့နှစ်ယောက်
အပြင်  ဘယ်သူမှမရှိချေ။

မေဝင်းအာရုံက လက်ပေါ်၌သွေးစက်လက်နဲ့လူဆီ
ရောက်သွားပြန်သည်။မမသွယ်ဟာ မေဝင်းလက်ကို
ကိုင်ပြိး အံ့တင်းတင်းကြိတ်ကာ နာကျင်မူကိုခံနေ၏။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now