Unicode///
လောက၌ သူတစ်ပါးပိုင်တာကိုလုယူတာမကောင်း
ဘူးတဲ့လေ...သို့သော် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်
လာရင်တော့ မည်သူမှရှောင်လွှဲနိုင်မည်မဟုတ်။လဲ့လဲ့ဖတ်လက်စစာအုပ်လေးကို ဘေးသို့ချလိုက်ပြိး
ဘေးအိမ်ကို လှမ်းကြည့်မိသည်။နေမကောင်း၍
ဆေးရုံတက်နေရတဲ့ကလေးမလေးက မနေ့ညနေက
ဆေးရုံက ဆင်းလာတော့မယ်ဟု ကြိုးကြာမပြောတာကို
ကြားခဲ့သည်။အန်တီနဲ့အန်ကယ်ကတော့ အခုကတည်းက
အိမ်မှာရောက်နေပြိဖြစ်သည်။အန်တီနဲ့အန်ကယ်မျက်
နှာကိုမြင်တိုင်း မေမေလုပ်ရက်တို့ကို လဲ့လဲ့ပြန်သတိ
ရသည်။ခနနေတော့ ကားတစ်ကားက ကလေးမလေးအိမ်ရှေ့
ရပ်သွားပြိး၊ ကားတံခါးက ပွင့်လာလေသည်။ထို့နောက်
ထွက်လာသူကြောင့် လဲ့လဲ့အသက်တောင်မရှုရဲတော့။ထွက်လာသူမှာ ကလေးမလေးဖြစ်ပြိး ဘေးတံခါးက
ချက်ချင်းဆိုသလိုပွင့်လာပြန်သည်။ ကောင်မလေး
တစ်ယောက်က ကားပေါ်ကနေဆင်းပြိး ကလေးမ
လေးလက်မောင်းကိုတွယ်ပြိး ကလေးမလေးကတော့
လဲ့လဲ့တို့အိမ်ဘက်ကို ကြည့်လေသည်။မျက်နှာချင်းမဆိုင်ရဲတာကြောင့် စာအုပ်ကိုကောက်
ကိုင်ပြိး စာဖတ်နေဟန်ဆောင်လိုက်သည်။ အိမ်ထဲ
ဝင်သွားတော့မှသာ စာအုပ်ကိုပြန်ချပြိး ကောင်းကင်
ကို မော့ကြည့်လိုက်၏။တစ်ပတ်တိတိမိုးကရွာသွန်းခဲ့သည်မို့ ဒီနေ့တော့
ထူးထူးခြားခြားနေလုံကြီးက ကောင်းကင်ထက်နေရာ
ယူလေသည်။ နေရောင်ကြောင့် လဲ့လဲ့မျက်နှာကိုလက်
ကလေးဖြင့်ကာလိုက်မိသည်။"ဟေ့! ဖေဖေသမီးလေး...ဆေးရုံကဆင်းလာပြိပေါ့"
ဖေဖေအသံကိုကြားတော့ မေမေက မေဝင်းရှိရာကို
ဆက်ကနဲ့မော့ကြည့်လာသည်။"ထက်ထက်လေးပါ ပါလာတာပဲ"
"ဟုတ်ကဲ့...အန်တီ"
ဘေးကအမက မေဝင်းကိုကူတွဲ့ပြိး ထိုင်ခုံကိုထိုင်
စေသည်။ပြိးမှ မေဝင်းဘေးထိုင်ခုံတွင် ဝင်ထိုင်ပြိး
မေမေနဲ့ဖေဖေကိုပြုံးပြသည်။"ကော်ဖီသောက်မလား...ထက်ထက်"
"မသောက်တော့ဘူးရယ်... ထက်ထက်က ကလေး
အဖော်အဖြစ်လိုက်ပို့ပေးတာ၊ အန်တီ"
YOU ARE READING