အခန်း-၃

701 32 0
                                    

Unicode///

"ဟဲ့ အကောင်စုတ်...နင် ငါကိုအနိုင်မကျင့်နဲ့!"

အော်သံခပ်စူးစူးကြောင့် လဲ့လဲ့အကြည့်က ပန်းပင်တွေထံကနေ တစ်ဖက်အိမ်ကိုရောက်သွား
သည်။ကလေးမလေးနဲ့ကောင်
လေးတစ်ယောက်က ရိုတ်ပုတ်ရင်း ရယ်မောကာ စကားပြောနေကြလေ၏။

ကလေးမလေးက လဲ့လဲ့ကြည့်နေတာကိုသိပုံပေါ်သည်။
လဲ့လဲ့ကိုကြည့်ပြိး မျက်နှာပြန်တည်သွားကာ အပြုံးစလေးတို့တောင် မမြင်ရတော့။ကလေးမလေး ဘာကိုမကျေမနပ်ဖြစ်နေတာလဲဆိုတာကို လဲ့လဲ့မသိ။သို့သော် ကလေးမလေးဘက်က လဲ့လဲ့ကိုလျစ်လျုရှုနေ
တာမြင်တော့ စိတ်ထဲဘယ်လိုနေရမှန်းမသိတော့ဘူး။

သူတို့ဘက်ကိုကြည့်ပြိး မျက်နှာလှလှလေးက ငိုင်ကျသွားတာကိုမြင်တော့ မေဝင်းမောင်မောင်တစ်ယောက် အသာလေး
ပြုံးမိသည်။သူမက်ရှင်က အောင်မြင်သည်မဟုတ်လား။

တကယ်တော့ တစ်ယောက်တည်းဇွတ်Dreamတွေ ခင်းခဲ့သော်ငြား အပြင်မှာလက်တွေ့ဖြစ်မလာဘူး
ဆိုတာကို သူကောင်းကောင်းကြီးသဘောပေါက်သည်။တစ်နေ့က မမသွယ်ဆီလာသွားတဲ့အမျိုးသားက မမသွယ်၏အစ်ကိုဝမ်းကွဲဆိုတာကို အန်တီယုယုဆီက သိရသည်။

ဘယ်လို့သိရတာလဲလာမမေးနဲ့ ပြောပြမယ်။
အိမ်ကမေမေ ဒေါ်စပ်စုစိန်ပေါ့  တစ်နေ့က ညစာစားတုန်း သူမေးတော့  မေမေက မသိဘူးဟုဆိုလာပြိး နောက်နေ့ညကျတော့ သူကိုပြောပြလာတယ်။အဲ့နေ့တုန်းက အန်တီယုယုတို့အိမ်ဘက်ကို မေမေကအလည်သွားခဲ့တာကိုး။

အဟွန်း  အစကတော့ လက်လျှော့လိုက်ဖို့တွေးမိသေးတယ် အခုကျတော့ အဲဒီအတွေးက သူအတွက်ရယ်စရာတစ်ခုလိုပဲ
မကြိုးစားရင် မသိနိုင်တာမို့ မမသွယ်ဘက်က သူကိုပြန်ကြိုက်လာအောင် ကြိုးစားရတာပေါ့။သိပ်မသိတာကြောင့် ညတုန်းက သူငယ်ချင်းတွေ
ကို မေးကြည့်ခဲ့တာ။သူတို့က အကြံအမျိုးမျိုး
ပေးပင်မဲ့  သူကတော့ ထို့အကြံတွေကိုသဘောမကျ။ထို့အခါ သူနဲ့သိပ်မရင်းနှီးတဲ့အတန်းဖော်ကောင်မလေး
တစ်ယောက်ဆီက  အကြံတစ်ခုရလာခဲ့တာ။သူလည်း စိတ်ဝင်စားတာကြောင့် လိုက်လုပ်ခြင်း။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now