Unicode///
"ဟဲ့! ဟဲ့ ဟိုမှာလာနေတဲ့အမကလှတယ်ဟ"
အဇူးမအသံပြဲပြဲကြောင့် သူတို့တစ်တွေခေါင်းများဟာ
တံခါးပေါက်ထံရောက်သွားသည်။မေဝင်းပေါက်ပေါက်
ဆုတ်ကိုတစ်ချက်ကောက်ဝါးရင်း ထရပ်လိုက်တော့
ထိုင်နေတဲ့သူများမျက်လုံးတို့ကတန်းကနဲ့။"ဘာလဲ"
"ဘယ်သွားမို့လဲ"
"ငါလဲလိုက်ခဲ့မယ်"
"ဟဲ့! နင်တို့ကတော့ ဇွတ်မေးမနေနဲ့ လိုက်ချင်မနေနဲ့
ဟိုကဖြင့် သူမမကိုသွားကြိုမို့လုပ်နေတာဟာ"အလိုက်သိလွန်းတဲ့အပြည့်က ဝင်ပြောလိုက်ခြင်း။
ထို့စကားကြောင့် အဇူးတစ်ယောက်သောက်နေတဲ့
ရေတောင်သီးသွားသည်။ သွန်းသွန်းနဲ့ဖူးဖူးကတော့
အဇူးအဖြစ်ကိုကြည့်ပြိး ရယ်သည်။ မေဝင်းခေါင်း
တစ်ခါခါနဲ့ပဲ မမသွယ်ကိုသွားခေါ်လိုက်သည်။မမသွယ်က မေဝင်းလာနေတာကိုမြင်တော့ ပြုံးပြ
သည်။ မေဝင်းတံခါးဖွင့်ပေးတော့ ဝင်လာကာ ထိုင်နေတဲ့လူအုပ်စုကိုကြည့်ပြိး မေဝင်းကိုပြန်ကြည့်
သည်။"သူတို့က သူငယ်ချင်းတွေ...မန္တလေးကျောင်းမှာ
တက်တုန်းက အစစအရာရာအဆင်ပြေအောင်ကူ
ညီပြိး အခုထိဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်း
တွေ...လာ မမသွယ်၊သူတို့နဲ့မိတ်ဆက်ပေးမယ်"မမသွယ်လက်ကလေးကိုဆွဲပြိး ထို့နေရာဆီလျှောက်
သွားလိုက်သည်။ထို့အုပ်စုကလဲ မမသွယ်စားမတက်
ဝါးမတက်မျက်လုံးများနဲ့ကြည့်နေသည်။"အဟမ်း...အဟမ်း၊ကြည့်နေတဲ့အကြည့်လေးတွေ
လွှဲအုံး...ငါမမသွယ်ကအရမ်းလှမှန်း ငါသိပါတယ်
ပြိးတော့ ငါကသူပိုင်ရှင်လေ..."သူရင်ဘက်လေးသူပုတ်ပြိး ဂုဏ်ဆာနေတဲ့ကောင်မ
လေးကြောင့် လဲ့လဲ့ပြုံးလိုက်ပြိး ထိုင်နေတဲ့ကောင်မလေးများကိုကြည့်လိုက်သည်။အားလုံးကနှစ်လိုဖွယ်ကောင်းသည်မို့
လဲ့လဲ့ဝန်မလေးပဲ ပြုံးပြလိုက်သည်။ကောင်မလေး
များက လဲ့လဲ့ကိုပြုံးပြကြသည်။မေဝင်းက ခင်းထား
တဲ့အခင်းလေးတစ်နေရာတွင် လဲ့လဲ့ကိုထိုင်စေပြိး
လဲ့လဲ့ဘေးအလွတ်တွင် သူဝင်ထိုင်သည်။
YOU ARE READING