အခန်း-၁ဝ

519 19 3
                                    

Unicode///

"မေ...မေမေ!"

မေမေမျက်နှာလှလှလေးက ဒေါသစိတ်ကြောင့်နီရဲနေ
ပြိး အန်တီနဲ့အန်ကယ်ကိုသဘောမကျသလို
ကြည့်လေသည်။အန်တီက မျက်နှာငယ်လေးနဲ့မေမေ
ကို လှမ်းကြည့်ကာ...

"ဘာဖြစ်လို့လဲ...ယုယ"

ဒေါ်မေဝင်းမြတ် အရှေ့ကယုယကိုကြည့်ပြိး နားမလည်
နိုင်လောက်အောင် ဖြစ်မိသည်။ယုယက သူမကိုဒေါသ
ထွက်သည်ဟန်ပန်ရှိနေတာကြောင့် စကားကောင်း
ကောင်းပြောဖို့သာ ဆုံးဖြတ်ထား၏။

"ဘာမှမဖြစ်ပါဘူး...မြတ်ရဲ့၊ဒါနဲ့ နင်သမီးရော"

ဒေါ်ယုယမျက်နှာဟာ ပြုံးချိုသွားသည်။

စကားဝိုင်းရှိလူများပင် ဒေါ်ယုယမျက်နှာအမူအရာ
ပြောင်းလဲသွားတာကို ကြည့်ပြိး ဘာပြောရမှန်းမသိ
ဖြစ်သွားကြသည်။

တစ်ပါးသူမရိပ်မိသော်ငြား လဲ့လဲ့ကတော့ရိပ်မိပါသည်။
မိခင်မျက်ဝန်းများကဒေါသစိတ်ကြောင့် တောက်ပနေ
သည်။သူတို့သားအမိ၏အကျင့်တွေက တစ်ဆက်
တည်းသာ။

"သမီးလေးကဆေးရုံတက်နေရတာလေ ယုယရယ်
မေလဲ အခုမှ အဝတ်အစားပြန်လာယူရင်း လဲ့လဲ့ကို
တွေ့လို့ နှုတ်ဆက်တာ"

အရိပ်အကဲခတ်တက်သူပိပိ စကားကိုကြည့်ကောင်း
အောင်ပြောလိုက်သည်။အစ်ကိုကို မော့ကြည့်တော့
အစ်ကိုကမျက်ခုံးတစ်ဖက်ပင့်ပြသည်။ဒါဆိုရင်
သူမထင်တာတွေက အမှန်ပဲပေါ့။

"ဪ...ကလေးက ဘယ်လိုဖြစ်ရတာလဲ
မမမြတ်ရယ်"

"ဒီလိုပါပဲ...ယုယရေ၊အိမ်က ကလေးကချူချာတော့
ဆေးရုံတက်ရတဲ့အထိ ဖြစ်သွားတာ"

"မနက်ဖြန်ကြရင် ယုယတို့သားအမိ သတင်း
လာမေးပါဦးမယ်"

"ဟုတ်ပါပြိ...ယုယရယ်၊လဲ့လဲ့  သမီး...အန်တီတို့သွားတော့မယ်နော်"

ဒေါ်မေဝင်းမြတ်ပြုံးကာ နှုတ်ဆက်လိုက်ပြိး အစ်ကို
လက်ကိုဆွဲကာ ကားရှိရာဘက်ကိုသာ ထွက်လာလိုက်
သည်။

"လဲ့လဲ့မျိုးသွယ်"

မေမေခေါ်သံကြောင့် လဲ့လဲ့ပြန်အလှည့်ခြေလှမ်းတို့က
တန့်သွားကာ...

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now