အခန်း-၁၇

503 17 0
                                    

Unicode///

"မောင်ရေ...မောင်! ထတော့ကွာ"

မမထက်လက်က မေဝင်းပုခုံးလေးကိုပုတ်လို့ နိုးသည်။
မေဝင်းမျက်လုံးကိုအတင်းမှိတ်ရင်း မထချင်ထချင်နဲ့
စိတ်မပါလက်မပါထလိုက်သည်။

အိပ်နေတဲ့မောင်ကိုအတင်းနိုးတော့ မောင်ကထက်ထက်ကိုစိတ်မဆိုးပဲ အိပ်ချင်မူးတူးနဲ့
ထ၏။ ထက်ထက်အသည်းယားသွားပြိး မောင်ပါးလေး
တစ်ဖက်ကိုဆွဲရမ်းလိုက်သည်။မောင်က ဘာမှမပြော။

"မောင်  ဒီနေ့ဘာနေ့လဲသိလား"

"မ  သိ  ဘူး  လေ"

"တကယ်မသိတာလား  မသိချင်ယောင်ဆောင်နေတာ
လား...မှန်မှန်ဖြေစမ်း"

ထက်ထက်မောင်မေးဖျားလေးကိုလက်မလေးနဲ့လက်ညိုးကို အသုံးပြုပြိး ပင်မော့စေလိုက်သည်။မောင်က
ထို့အခါမှသာ မျက်ဝန်းကလေးပွင့်၍ ထက်ထက်မျက်ဝန်းကို တစ်ခဏစိုက်ကြည့်လာသည်။

ထက်ထက်ရင်ထဲတလှပ်လှပ်ဖြစ်လာတာမို့
မောင်မေးကိုကိုင်ထားရာကနေ အမြန်ချလိုက်ပြိး
မောင်နဲ့ခပ်ဝေးဝေးပြောင်းထိုင်လိုက်သည်။

အဝေးကိုပြောင်းထိုင်သွားသူကြောင့်
မေဝင်းမျက်ခုံးတစ်ဖက်ကပင့်တက်သွားပြိး အိပ်ရာ
ထက်ကနေထလိုက်သည်။ပြိးနောက် တွန့်ကျေနေတဲ့
အင်္ကျီကိုသပ်ပစ်ပြိး ထိုင်နေတဲ့မမထက်ကိုကြည့်ကာ။

"ကျွန်တော်  ရေချိုးလိုက်အုန်းမယ်၊ခနနေရင်
ဘုရားလိုက်ပို့မယ်...အခု အောက်ထပ်ကိုသွားတော့"

မေဝင်းက အပြောအဆိုမတက်တဲ့သူမို့ အခုပြောလိုက်
သည်စကားဟာ ထက်ထက်အမြင်တွင်တော့ သူကို
နှင်ထုတ်နေသည်ဟုထင်သွားစေသည်။ထက်ထက်
ဟာ မျက်နှာလေးပျက်ပြိး အခန်းထဲကနေတိတ်တ
ဆိတ်ထွက်ခွာသွားလေသည်။

မေဝင်းရေချိုးဖို့ရေချိုးခန်းထဲဝင်လာလိုက်သည်။

"ထက်ထက်...သမီးနိုးပြိလား"

အန်တီအမေးကြောင့် ထက်ထက်မျက်နှာကိုပြန်ပြင်ရင်း
ပြုံးပြလိုက်သည်။အန်တီခေါင်းပေါ်တွင်ပန့်ထားတဲ့
ပိတောက်ပန်းကြောင့် ထက်ထက်ခေါင်းထဲအကြံလေး
တစ်ခုပေါ်လာသည်။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now