အခန်း-၁၁

479 18 0
                                    

Unicode///

"အန်တီ"

ခေါ်သံသဲ့သဲ့လေးကြောင့် ဒေါ်မေဝင်းမြတ်လှည့်
ကြည့်လိုက်သည်။

"ဟော...ထက်ထက်ရောက်နေတာလား...လာလေ"

အမေနှုတ်ကထွက်လာတဲ့စကားကြောင့် မေဝင်း
တံခါးပေါက်တွင် ရပ်နေတဲ့အမကို ကြည့်မိသည်။

အမေနဲ့ဘယ်လိုများသိသွားတာလဲ...

အမက ပြုံးပြိး အခန်းထဲဝင်လာသည်။မေမေဘေး
ဝင်ထိုင်လာပြိး မေဝင်းကိုမော့ကြည့်ကာ ကြည်လင်း
တဲ့မျက်နှာကလေးဖြင့်အလှဆုံးအပြုံးကလေးပြုံးပြ
လာသည်။

"ထက်ထက် ဘာလုပ်စရာရှိလို့လာတာလဲ"

"ဒီအတိုင်းပါပဲ...အန်တီရယ်၊လူနာတွေကို လာစစ်
ကြည့်ရင်း  အန်တီအသံကြားတော့လာကြည့်တာပါ
ကလေးရော...သက်သာရဲ့လား"

မောင်လို့ခေါ်ချင်ပင်မဲ့ အန်တီရှိနေတာကြောင့် ကလေး
လိုသာ သုံးနှုန်းလိုက်သည်။ကလေးကတော့ ခေါင်းက
လေးညိတ်လိုသာ၊ အန်တီကတော့ ထက်ထက်လက်ကို
လှမ်းကိုင်လာသည်။

"ထက်ထက်ရယ်...အန်တီ သမီးကိုစောင့်ရှောက်ပေး
ပါဦးနော်"

"ဟုတ်ကဲ့...အန်တီ၊ထက်ထက်အကောင်းဆုံးစောင့်
ရှောက်ပေးပါမယ်"

*အတက်နိုင်ဆုံးလဲ မောင်ချစ်တဲ့မိန်းကလေးလက်ထဲ
မောင်ရောက်မသွားအောင် သူမ အကောင်းဆုံးစောင့်
ရှောက်နေပါမယ်*

မောင်မေမေနဲ့ထက်ထက်အမေက ညီအစ်မဝမ်းကွဲဖြစ်
နေတာကြောင့်သာ ထက်ထက်နဲ့အန်တီမေဝင်းမြတ်တို့
က သိနေခြင်းပင်၊ ထက်ထက် သိသိချင်း ပျော်လုံးဆို့
သွားရလေသည်။

မောင်ကတော့ ထက်ထက်ကိုလိုတာထက်ပိုဆက်ဆံ
ခြင်းမရှိ၊ ထက်ထက်ဆေးသောက်ဖို့ဆေးပေးရင်
ယူသောက်သည်။ထက်ထက်ဘယ်လောက်ပဲ ကောင်း
ပေးကောင်းပေး မောင်ကတော့ ထို့မိန်းမကိုသာ စိတ်
ထဲထည့်ထား၏။

ထက်ထက် မနာလိုဖြစ်ရသည်။ ထို့မိန်းကလေးသာ
မြန်မြန်လေး တစ်ခြားတစ်ယောက်နဲ့လက်ထပ်သွား
ရင် ကောင်းမှာပဲ။အဲ့အချိန်ကျရင် ထက်ထက်က
မောင်ဝမ်းနည်းနေသည်ကို ရင်ဘက်ကြီးနဲ့မျှပြိး
ခံစားပေးမည့်။တဖြည်းဖြည်းနဲ့မောင်ကလဲ ထက်ထက်
အပေါ် စိတ်ယိုင်လာနိုင်သည်မဟုတ်လား။

နွေ၌စသော အချစ်မုန်တိုင်း နွေ၌စသော အချစ်မုန်တိုင်းWhere stories live. Discover now