အခန်း(၁၂၂၅)

438 45 10
                                        

အခန်း(၁၂၂၅)

မွေးစား အဖေ။






အစောတွင် Tang Li အား ဘယ်သူဖြေခဲ့သည်လဲ။ထိုထူးဆန်းသော အသံမှာ ရင်းနှီးနေသည်။

လူတိုင်းမှ အံ့သြနေကြချိန်တွင် Long Feiye မှာ ကြာမြင့်စွာကပင် ခေါင်းမော့ကာ ထုတ်တန်းပေါ်မှ အနီရဲရဲ ၀တ်စုံကို ၀တ်ဆင်ထားကာ  လှပသော  အသွင်အပြင်နှင့် အရပ်မြင့်မားကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ဖြင့် ပျင်းရိစွာ ထိုင်နေသည့် အမျိုးသားတစ်ဦးထံ ကြည့်နေသည်။  သူက သူတို့အား သိသာထင်ရှားစွာ ရွှင်မြူးစွာ ကြည့်နေသည်။

၎င်းမှာ Gu Qishao အပြင် အခြားသူ မဟုတ်ပေ။ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ အံ့ဩသွားကြတော့သည်။ 

ဒါဆို ဒီကောင်က နေရာအားလုံးမှာမှ ဒီမှာရှိနေတာလား။

"Gu Qishao၊ ရှင်က ဒီနေရာရဲ့ သခင်ပဲ မဟုတ်လား။" Han Yunxi မှာ အံ့သြဝမ်းသာနေသည်။သူမက Tang Li ၏ ကိစ္စများပြီးနောက် နောက်ထပ်စုံစမ်းရန် အနည်းနှင့်အများ စိတ်ကူးနေသော်လည်း Gu Qishao မှာ အမှန်တကယ်ပင် လူကိုယ်တိုင်ပေါ်လာခဲ့သည်။ 

သူ၏ အပြုံးမှာ အနည်းငယ်ပင် ပြောင်းလဲမသွားပဲ တောက်ပနေဆဲပင်။ နီမြန်းသော ၀တ်ရုံမှာ ကြာပွင့်နီနီကဲ့သို့ မြေပေါ်သို့ လွင့်နေသည်။ ရယ်မောရင်း၊ သူက ပြန်ဖြေလိုက်သည်။ "အဆိပ်ကောင်မလေး၊ ချီကိုကိုက  မင်းကို လွမ်းနေတာ.."

သူက စကားမဆုံးခင် Long Feiye မှာ အံ့သြစရာကောင်းလောက်သည့် အမြန်နှုန်းဖြင့် ဝိုင်ပုလင်းကို လွှင့်ပစ်လိုက်လေသည်။ တိုက်ခိုက်မှု၏ နောက်ကွယ်ရှိ ခွန်အားမှာ သိသာထင်ရှားလှပြီး Gu Qishao ကို ထိမိလုနီးပါး ဖြစ်သွားသော်လည်း သူက မှုန်ကုပ်ကုပ်ပြုံးကာ ထိုးနှက်ချက်ကို ဘေးသို့ လှမ်း၍ ရှောင်တိမ်းလိုက်သည်။ Han Yunxi ၏ ဘေးသို့ ဆင်းသက်လာပြီး အမေနှင့် သားမှ မတုံ့ပြန်နိုင်ခင်တွင်  ရူအာလေးကို သူမ၏ လက်နှစ်ဖက်မှ ခေါ်ယူလိုက်သည်။ Gu Qishao မှာ ကလေးအား ဘယ်မှညာသို့ စစ်ဆေးပြီး နှာခေါင်းနှင့် နားရွက်များကို ရံဖန်ရံခါ ညှစ်လိုက်သည်။ကြာကြာကြည့်လေ၊ နောက်ဆုံးတွင် ကျယ်လောင်စွာ ရယ်မောလာသည်အထိ သဘောကျလေလေပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now