အခန်း(၁၂၇၆)

169 21 0
                                    

အခန်း(၁၂၇၆)

အရိပ်။






ညမိုးချုပ်ချိန်…..

Qin Min  မှာ သေနေသောသစ်ပင်၏ အကိုင်းအခက်များတွင် ထိုင်ကာ ကောင်းကင်ပေါ်ရှိ လကို ငေးမောကာ စိုက်ကြည့်နေသည်။ သို့ရာတွင် မကြာခင်တွင် သူမ ခုန်ဆင်းလာပြီး အထဲ ဝင်သွားလိုက်သည်။

"သခင်မ၊ ကျွန်မတို့ လိုရမယ်ရ တံခါးဖွင့်ထားသင့်သလား။" Shaoyao မှာ မေးလိုက်သည်။ သခင်ကြီး ပြန်လာခဲ့သည် ဆိုလျှင်….

သူက ထွက်သွားသည်နှင့် အစေခံများလည်း ထွက်သွားပြီး သူတို့ နှစ်ယောက်သာ ဤခြံဝန်းထဲတွင် ကျန်ရစ်ခဲ့သည်။

"သူက ပြောတဲ့အတိုင်း တကယ် ဆိုလိုတာ။ ဒါကြောင့် ပြန်လာမှာ မဟုတ်ဘူး။ ဖွင့်ထားဖို့ မလိုဘူး။" Qin Min မှာ ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။

"သခင်မ..." Shaoyao မှာ သူမ၏ နောက်သို့ လိုက်လာခဲ့သော်လည်း Qin Min မှာ ထိုမိန်းကလေးကို လျစ်လျူရှုထားလေသည်။ အဆုံးတွင်တော့ Shaoyao မှာ မထိန်းနိုင်ပဲ ပြောလိုက်တော့သည်။ " သခင်မ ဝမ်းနည်းနေတယ် မဟုတ်လား၊ အရမ်းစိတ်ဆင်းရဲနေတယ်မလား။"

"အိပ်တော့။" Qin Min  မှာ ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။

"သခင်မ၊ တကယ်လို့ စိတ်မကောင်းဖြစ်နေရင် ဒီအစေခံကိုပြောပါ။ ထိန်းချုပ်မထားပါနဲ့။ ကျန်းမာရေး ထိခိုက်လိမ့်မယ်။ နှလုံးသားက ရောဂါကို ကုသဖို့ မဖြစ်နိုင်ဘူး။ စိတ်ထဲမှာ ဘာပဲဖြစ်နေပါစေ ပြောလိုက်ပါ။ ဖုံးကွယ်ပြီး ဝမ်းနည်းမနေပါနဲ့။"

Qin Min ၏ ခြေလှမ်းများမှာ ပို၍ မြန်လာလျှင် Shaoyao မှာ သူမ၏ နောက်မှ အရှိန်မြှင့်ကာ လိုက်လာ၍ စကားဆက်ပြောနေသည်။ "သခင်မ၊ တစ်ခုခုပြောပါဦး၊ ကျွန်မ တောင်းပန်ပါတယ်။ စကားတစ်ခွန်းလောက်ပဲပြောပါ။ သခင်မရဲ့နာကျင်မှုကို ကျွန်မနားလည်ပါတယ်။ သခင်မက တစ်ညလုံး စကားတစ်ခွန်းမှ မပြောပဲ ငေးမှိုင်နေတာ... ပုံမှန်မဟုတ်ဘူး။"

နောက်ဆုံးတွင် Qin Min မှာ ရပ်ကာ ပြောလိုက်လေသည်။ "မင်းကသာ ပုံမှန်မဟုတ်တာ။"

သူမ အနည်းငယ် စိတ်ဓါတ်ကျနေသော်လည်း Shaoyao ၏ စကားလုံးများမှာ လုံးဝ စိတ်ဓါတ်ကျ စိတ်ဆင်းရဲ နေသင့်သလို ခံစားရစေသည်။ သို့ရာတွင် သူမ ကိစ္စများကို ကြာမြင့်စွာကပင် တွေးထားခဲ့သည်။  Gu Beiyue မှာ ထိုကဲ့သို့ လူမျိုးပင်။ သူက သူမကိုလက်ထပ်ခဲ့ခြင်းမှာ ခြေထောက်နှစ်ဖက်လုံး မသန်စွမ်းသည့်အတွက် ချင်မျိုးနွယ်မှ ကျပန်းသတို့သမီးတစ်ယောက်အနေဖြင့် တွန်းထုတ်ခံနေရ သောကြောင့်ပင်။ သူတို့နှစ်ယောက်မှာ တူညီစွာ သဘောတူညီမှုရရှိခဲ့သော်လည်း သူမ၏ခြေထောက်များ ပြန်လည်ကောင်းမွန်လာလျှင်တော့ သူက နောင်တရနေလေသည်။ သူက သူမ၏ အိမ်ထောင်ရေး အလားအလာကို ထိခိုက်စေမည်ကို စိုးရိမ်ပေးနေသည့် အလွန်ကောင်းမွန်သော အမျိုးသားတစ်ဦးဖြစ်သည်။ ယနေ့ သူက ပြောခဲ့သည့် စကားများမှာ အဓိပ္ပါယ်တစ်မျိုးသာ ရှိနေသည် ။ Shaoyao မှ ပြောနေသလောက် သူမ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေခြင်း မရှိပေ။ သူမ နားမလည်နိုင်သည့် ကိစ္စတစ်ခုဖြင့် စိတ်ရှုပ်ထွေးနေသောကြောင့် တစ်ညလုံး နှုတ်ဆိတ်နေခဲ့ခြင်းပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now