အခန်း(၁၃၀၂)

372 38 0
                                        

အခန်း(၁၃၀၂)

စုဝေးခြင်း။







နွေဦးနှောင်းပိုင်းနှင့် နွေရာသီအစောပိုင်းရှိ မြက်ခင်းပြင်၏ရှုခင်းများမှာ ကျန်းနန်၏ ရေစပ်မြို့များထက် မနိမ့်ကျပေ။ ချောင်းမြောင်းများ၊ မြက်ပင်များ၊ အမည်မသိပန်းပွင့်လေးများ ပြည့်နှက်နေသော လွင်ပြင်များသည် အနီးနား သို့မဟုတ် အဝေးကပင် လှပနေသည်။ မြေတစ်ပြင်လုံးမှ ၎င်းတို့ဖြင့် ကော်ဇောခင်းထားပုံရသည်။ မြက်ခင်းပြင်များတွင် နွေဦးပေါက်၌ မြင်းစီးခြင်းကို တွေ့ကြုံခံစားရခြင်းမှာ တောင်ဘက်ရှိ ပန်းပွင့်များနှင့် ကဗျာများကို ရှုစားဖွဲ့ဆိုရသကဲ့သို့ပင်။

ကံမကောင်းစွာ Han Yunxi မှာကိုယ်ဝန်ရှိနေပြီး မြင်းလှည်းသာ စီးနိုင်လေသည်။ ဧကရာဇ် အနေဖြင့် Long Feiye မှာ သူမ၏ ကိုယ်ရေးကိုယ်တာ မြင်းလှည်းသမား ဖြစ်လာပြီး ရူအာလေးမှာ ကောင်းကင်၌ လှည့်ပတ်နေသော လင်းယုန်ငှက်များကို ကြည့်ရှုလျက် သူ၏ဘေးတွင် ထိုင်လိုက်လာသည်။ Tang Tang  မှာ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် မှီလာစဥ် Gu Beiyue နှင့် Qin Min တို့မှာ ဘေးချင်းယှဥ်ကာ မြင်းတစ်စီးစီ စီးလာကြသည်။  Mu Linger နှင့် Ning Jing တို့မှာ အနည်းငယ်ပင် မိန်းမဆန်ခြင်း မရှိပဲ ရှေ့သွားမည့်တောင်ကုန်းကို မည်သူမှ ပထမဆုံးရောက်မည်ကို သိနိုင်ရန် ကြိမ်များကိုင်ဆောင်ကာ ရှေ့တွင် မဆင်မခြင် ပြေးလွှားနေကြသည်။

Han  Yunxi  မှာ ရူအာ၏ နောက်တွင် ထိုင်ရန် ရွေ့လာပြီး ပြုံးလိုက်သည်။ "ရူအာ.. ဒေါ်လေးကျင်း ဒါမှမဟုတ် ဒေါ်လေးလင်း ဘယ်သူ အနိုင်ရမယ်လို့ မင်းထင်လဲ။"

ရူအာမှာ တုံ့ဆိုင်းမနေပေ။ "မယ်တော်က လောင်းချင်လို့လား။"

Long Feiye ၏ နှုတ်ခမ်းများမှာ တိတ်ဆိတ်စွာ ပြုံးသွားတော့သည်။

"ဘာလောင်းရမလဲ။" Han  Yunxi  မှာ ခပ်သွက်သွက်မေးလိုက်သည်။

"လောင်းကစားမလုပ်ပါဘူး။” ရူအာမှ ပြောလိုက်လေသည်။

"ဘာလဲ။ ရှုံးမှာ ကြောက်လို့လား။" Han  Yunxi  မှာ သူ့ကို နှိုးဆွလိုက်သည်။

ရူအာမှာ မဖြေတော့ပေ။

"မင်းတကယ်ကြောက်နေတာလား။ မင်းရဲ့ ခမည်းတော်က မင်းကို တိတ်တိတ်လေး ရယ်နေပြီ။ အိုး…." Han  Yunxi  မှာ ပြုံးလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now