အခန်း(၁၂၃၇)

435 43 0
                                        

အခန်း(၁၂၃၇)

ရွေးချယ်မှု။







Han  Yunxi တို့ အဖွဲ့မှာ ယွင်နင်းနန်းတော်သို့ ပြန်ရောက်ချိန်၌ ခြောက်ရက်မြောက်နေ့ ရောက်နေပြီဖြစ်သည်။ သူတို့က ညဘက်တွင် ရောက်သွားသော်လည်း Long Feiye မှာ အနားယူရန်ပင် အချိန် မရှိပဲ စာကြည့်ဆောင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ ထိုနေရာတွင် ဧကရာဇ်မင်းမြတ်၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသော အောက်မေ့ဖွယ် ကိစ္စများစွာရှိသည်။ သူ၏ အိပ်ရာဝင်ချိန်ကို Han Yunxi နှင့် ရူအာတို့ နှစ်ယောက်လုံး မသိကြသော်လည်း နောက်တစ်နေ့တွင် အမေနှင့်သားတို့ နိုးလာလျှင်လည်း Long Feiye မှာ မရှိတော့ပေ။

Han Yunxi မှာ သူ၏ အလုပ်များသော အချိန်ဇယားကို ကျင့်သားရနေသည်မှာ ကြာပြီပင်။ ဤသည်မှာ သူ၏ အလှုပ်အများဆုံးနေ့များတောင် မဟုတ်ပေ။ ထိုသို့ဖြစ်လာလျှင်မူ သူမနှင့် ရူအာမှာ နှစ်ရက်သုံးရက်ကြာအောင် သူ့ကိုမတွေ့ ရတော့ပေ။ သူမက တံခါးမှထွက်ကာ ရှေ့ရှိ နန်းတော်ကို စူးစိုက်ကြည့်လိုက်သည်။ မတတ်သာပဲ ချင်ဝမ်အိမ်တော်မှ သူတို့ရဲ့ နေ့ရက်များကို ပြန်တွေးမိလေသည်။ Long Feiye မှာ ရက်ပေါင်းများစွာ ပျောက်နေတတ်ပြီး အေးစက်သောမျက်နှာထားဖြင့် သူမအတွက် ဒုက္ခများသည့် ကိစ္စများဖြင့်သာ ရှာတွေ့ခဲ့သည်။ 

ယွင်နင်းမှာ ယာယီမြို့တော်ဖြစ်သော်လည်း လက်ရှိ တိမ်တိုက်ကုန်းမြေကြီးတွင် အစည်ကားဆုံးနေရာဖြစ်သည်။ မြို့စားများ၊ အရပ်ဘက်အရာရှိများနှင့် အင်အားကြီးသော အိမ်တော်များ အားလုံးသည် မြို့တွင်း၌ နေထိုင်ကြပြီး သာမန်ပြည်သူများမှာ မြို့ရိုးအလွန်တွင် နေထိုင်ကြသည်။ မြို့၏ အဆင့်အတန်းမြင့်မားသော ဇနီးများနှင့် သခင်မများမှာ ကဗျာဖွဲ့၊ စကားပြေရေးကြပြီး ပန်းများကို ကြည်ရှုရန် စားပွဲများစွာ ကျင်းပနေကြသည်။ စုဝေးမှုတိုင်းတွင် စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခု ဖြစ်ပျက်နေပုံရပြီး၊ ရှက်စရာကောင်းသည့် အခိုက်အတန့်များမှာ အတင်းအဖျင်းများအဖြစ် ပျံ့နှံ့သွားတတ်သည်။ ပွဲတိုင်း ဖိတ်စာလိုအပ်ကာ ဧည့်သည်နှစ်မျိုးနှစ်စားသာ ရှိလေသည်.. လိုချင်တပ်မက်သူ နှင့် ရှောင်ဖယ်သူပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now