အခန်း(၁၂၈၄)
သန့်ရှင်းသော။
Mu Linger ၏ အကြင်နာမဲ့သော အဖြေကို ရင်ဆိုင်ရလျှင် Jin Zi ၏ အဖြေမှာ ပို၍ပင် ရက်စက်လှသည်။
"အဲဒီ သဘောကျတယ် ဆိုတာ ဘယ်လိုလဲ။ ငါက သန့်ရှင်းတဲ့ မိန်းမတစ်ယောက် လိုချင်ရုံပဲ။"Mu Linger မှာ တည်ငြိမ်သွားပြီဖြစ်သော်လည်း ထိုစကားများက သူမ၏ဒေါသကို ပြန်လည် တောက်လောင်လာစေသည်။ သန့်ရှင်းတဲ့မိန်းမတစ်ယောက်လိုချင်တာလား။ ငါက ဒီကမ္ဘာပေါ်က မသန့်ရှင်းတဲ့မိန်းမ တွေထက် နည်းနည်းပိုပြီး သန့်ရှင်းတဲ့ မိန်းမတစ်ယောက် သာသာပဲလား။ သူငါ့ကို ဘယ်လိုသဘောထားနေတာလဲ။
Mu Linger မှာ ဒေါသတကြီးဖြင့် လှည့်လာပြီး Jin Zi ဆီကို ပြေးလာကာ သူ၏ ဘယ်ဘက်မျက်လုံးသို့ လက်သီးဖြင့်ထိုးလိုက်တော့သည်။
"အာ့.." သူမက အမှန်တကယ်တိုက်ခိုက်လာရန် မမျှော်လင့်ထားသည့် Jin Zi မှာ သတိလက်လွတ် ဖြစ်သွားတော့သည်။ နာကျင်စွာဖြင့် မျက်လုံးကို အုပ်ထားလိုက်သည်။ သူ၏ မျက်လုံးမှ ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။ မိန်းမတွေက တိုက်ခိုက်တဲ့အခါ ပါးရိုက်သင့်တာ မဟုတ်လား။ ဒီကောင်မလေးက တကယ်ပဲ လက်သီးသုံးနေတယ်။
Mu Linger မှာ ဒေါသတကြီးဖြင့် ရူးသွပ်လုနီးပါး ဖြစ်နေသည်။ ပထမအကြိမ် ထိုးနှက်ပြီးနောက်၊ သူမ၏ ဒုတိယမြောက် လက်သီးမှာ နောက်မှ ရောက်လာသည်။ ကံကောင်းစွာ ဤတစ်ကြိမ်တွင် Jin Zi မှာ သူမက မထိခင် ဖမ်းမိလိုက်လေသည်။
"မင်းငါ့ကို မျက်စိကန်းအောင်လုပ်ရင် မင်းငါ့ကို တစ်သက်လုံး လုပ်ကိုင်ပေးရလိမ့်မယ်။" သူက အေးစက်စွာ ပြောလိုက်သည်။
" ကျွန်မ ရှင့်ကို မျက်စိကန်းရုံတင်မကဘဲ ဒုက္ခိတ ဖြစ်အောင်ပါ လုပ်မယ်။ ကျွန်မ ရှင့်ကို ဝမ်းသာအားရနဲ့ လက်ထပ်ပေးမယ်။ ပြီးတော့ ရှင်ကို တစ်သက်လုံး ကျေကျေနပ်နပ် လုပ်ကိုင်ပေးမယ်။" စကားပြောနေစဉ်တွင် သူမ Jin Zi ၏ခြေထောက်ကို ပြင်းပြင်းထန်ထန် နင်းလိုက်လေသည်။
"အာ့...” Jin Zi မှာ နာကျင်မှုကြောင့် လွှတ်ပေးလိုက်ပြီး နာကျင်ကိုက်ခဲနေသော ခြေထောက်ကို ဆုပ်ကိုင်ကာ ထိုင်လိုက်သည်။ ဒီကောင်မလေး ဘယ်တုန်းက ဒီလောက် သန်မာလာတာလဲ။ သူမက အချိန်အစကတည်းက ခွန်အားသုံးနေသလား။ တကယ်ကို နာတယ်!
![](https://img.wattpad.com/cover/357114917-288-k148828.jpg)
YOU ARE READING
အဆိပ်ပါရမီရှင် ကြင်ယာတော် book 7
Historical Fiction**Book 7 ** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...