အခန်း(၁၂၆၁)
အရှုပ်အထွေး။
လေးနာရီကြာအောင် အပူရှိန်ပြင်းသည့် မဏ္ဍပ်တွင် စောင့်နေပြီးနောက် သခင်မအိုကြီးကျိုး၏ အောက်ပိုင်းမှာ နာကျင်နေပြီး နှလုံးသားတွင် ရှုပ်ပွနေလေသည်။ သို့တိုင် ဧကရီမှ ဝင်လာသည်ကိုမြင်လျှင် ငြိမ်သက်သွားသည်။ လျင်မြန်စွာ မတ်တပ်ရပ်ကာ တုတ်ကိုမှီရင်း အမျိုးသမီးအား ရိုသေစွာ ဦးညွတ်လိုက်သည်။
"လေးစားရတဲ့ဧကရီ ကံကောင်းခြင်းတွေ ပြည့်စုံပါစေ။"
" ကျောက်မားမား .." Han Yunxi မှာ အသံကို မြှင့်လိုက်သည်။ " ကျောက်မားမား၊ မြန်မြန်၊ သခင်မကြီးကို ကူညီပေးလိုက်.."
နန်းတွင်းသူ အများအပြား ရှိနေသော်လည်း ကျောက်မားမားမှာ နေရာတွင် မရှိပေ။ တိတ်ဆိတ်နေသော အခန်းထဲတွင် မည်သူမျှ Han Yunxi ကို ပြန်မဖြေချေ။ နေရာမှာ အလွန်ကျယ်ဝန်းသောကြောင့် လူတစ်ယောက်မှ တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို မြင်နိုင်သောကြောင့် ကျောက်မားမားမှ ပျောက်ဆုံးနေသည်ကို သူမ မည်သို့ မသိပဲ နေမည်လဲ။
သူမ ၎င်းကို ရည်ရွယ်၍ လုပ်ခဲ့ခြင်းပင်။
Han Yunxi မှာ သူမ၏ လက်မောင်းကို မြှောက်လိုက်ပြီး အစေခံမိန်းကလေး၏ လက်ထဲတွင် တင်ထားကာ ဒူးထောက်ထိုင်နေသော သခင်မအိုကြီးကျိုးကို သက်တောင့်သက်သာဖြင့် ဖြတ်လျှောက်သွားသည်။ သူမ၏ ဧကရီတစ်ပါးကဲ့သို့ အရှိန်အဝါမှာ ပြီးပြည့်စုံလှသည်။ အမှန်တွင် သူမက ဟိတ်ဟန်ထုတ်ရသည်ကို မနှစ်သက်သော်လည်း သူမသာ ထိုသို့ ပြုမူခြင်း မရှိလျှင် သူမအား ဧကရီတစ်ပါးအဖြစ် မလေးစားသော သူမျိုးများ အမြဲတစေ ရှိနေလိမ့်မည်။
Han Yunxi မှာ အံ့သြနေသည့် အမူအရာဖြင့် ထိုင်ပြီးမှ မေးလိုက်သည်။ “ကျောက်မားမားက ဘယ်မှာလဲ။”
“လေးစားရတဲ့ ဧကရီကို ဖြေကြားပါတယ်။ ကျောက်မားမား က လက်ဖက်ခြောက်သွားရှာပါတယ်။” နန်းတွင်းသူတစ်ယောက်မှ ပြန်ဖြေလာသည်။
Han Yunxi မှာ ချက်ချင်းပင် ဒေါသထွက်လာသည်။ "ဘာလဲ၊ အခုထိ မတွေ့သေးဘူးလား။"
YOU ARE READING
အဆိပ်ပါရမီရှင် ကြင်ယာတော် book 7
Historical Fiction**Book 7 ** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...