အခန်း(၁၂၇၄)
သရုပ်ဆောင်ခြင်း။
Gu Beiyue မှာ ဒေါသတကြီးဖြင့် ရူးသွပ်သွားမည်ဟု Qin Min မှာ ထင်ခဲ့သော်လည်း သူ၏ အကြည့်များမှာ သူမ၏မျက်နှာပေါ်တွင် နားခိုလာပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။ အနည်းငယ် မှင်သက်သွားကာ သူမအတွက် တုံ့ပြန်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
သူမ စိတ်ကူးထားသည့်အတိုင်း အပြစ်တင်ခြင်း သို့မဟုတ် ပုတ်ခတ်ပြောဆိုခြင်းမျိုးမရှိပဲ သူ၏ အသံမှာ တိုးညင်းလှသည်။ "လူရမ်းကား တစ်ယောက်နဲ့ တိုးမိတာ တကယ့်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းတယ်။ အကြီးဆုံး သခင်မလေး ချင်၊ မင်း မကြောက်ဘူးလား။"
သူက အပြင်းထန်ဆုံးသော လှိုင်းလုံးများကိုပင် ငြိမ်သက်သွားစေနိုင် သကဲ့သို့ နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်နေသည်။ သို့တိုင် သူကိုယ်တိုင် လှိုင်းများကို လှုံဆော်နိုင်စွမ်းရှိနေသည်။ သူက အပြင်ပန်းတွင် နွေးထွေးပြီး အတွင်းစိတ်တွင် အေးစက်လွန်းသူ ဖြစ်သည်။ ထိုအေးစက်မှုမှာ အခြားသူများကို အဝေးတစ်နေရာတွင် ထားခဲ့ပြီး သူ၏နှလုံးသားထဲသို့ မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရန် မဖြစ်နိုင် သကဲ့သို့ သူ၏ ပုံစံ အစစ်အမှန်ကို မြင်ရရန် မဖြစ်နိုင်တော့ပေ။ Qin Min မှာ သူ၏ ဂရုစိုက်မှုအောက်တွင် အလွန်တရာ ငိုချင်လာသော်လည်း သူ၏ ယဥ်ကျေးသော လေသံမှာ သူမ၏ နှလုံးသားကို တင်းကျပ်လာသည်အထိ အေးခဲသွားစေခဲ့သည်။ သို့သော် သူမ.ပို၍လေးနက်သည့် ကိစ္စတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။
သူမ၏ ချပ်နေသည့် ဗိုက်ပြားလေးကို ညင်သာစွာ ကိုင်ကာ ရေရွတ်လိုက်သည်။ "ထွက်သွားပြီ…"
"အဆင်ပြေပါတယ်။" Gu Beiyue မှာ ပြောရင်း သူမ၏ ပုခုံးပေါ် လက်တင်လိုက်သည်။ "မပြောနဲ့တော့.. ကိုယ်…."
Qin Min မှာ အံကြိတ်ကာ ဆုံးဖြတ်ချက် ချပြီးနောက် သူ့ကို ပွေ့ဖက်ကာ မျက်ရည်များ ကျလာတော့သည်။ “ ပေယွဲ့ ကျွန်မ မှားပါတယ်။ ကျွန်မ ခွင့်လွှတ်ပါ။ ကျွန်မ မှားတယ်ဆိုတာ သိတယ်။"
ဧကရာဇ်နှင့် ဧကရီမှာ နင်ကျိုးသို့ မည်သည့်အချိန်က ရောက်လာသည်ကို သူမ မသိခဲ့သော်လည်း ပေယွဲ့မှာ ယနေ့မှသာ ရောက်ရှိလာကြောင်း သေချာပေါက်သိသည်။ သူတို့၏ စကားဝိုင်းကို ခိုးနားထောင်ပြီးနောက် သူနှင့်ဧကရီ နှစ်ယောက်လုံး သူမက အိမ်တွင် မတွေ့ခဲ့ရကြောင်း သူမ သိလိုက်ရသည်။ ထိုသို့ဆိုလျှငိ သူမ၏ကိုယ်ဝန်အတုအတွက် သူက အကြောင်းပြချက်ရှာရန် ခက်လိမ့်မည်။ သူ၏ အကောင်းဆုံးလောင်းကြေးမှာ သူမအပေါ် အပြစ်ပုံချကာ အားလုံးကို မသိဟန်ဆောင်နေခြင်းပင်။ မဟုတ်လျှင် ထိုထက်မြက်ရှိသော သခင်နှစ်ယောက်မှာ တစ်စုံတစ်ရာကို သံသယဖြစ်လိမ့်မည်။
![](https://img.wattpad.com/cover/357114917-288-k148828.jpg)
YOU ARE READING
အဆိပ်ပါရမီရှင် ကြင်ယာတော် book 7
Historical Fiction**Book 7 ** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...