အခန်း(၁၂၃၆)

235 27 4
                                    

အခန်း(၁၂၃၆)

ယှဉ်ပြိုင်ခြင်း။







ရူအာမှာ  အမှန်တကယ်ပင် ပိုက်ဆံများ ယူထားခဲ့သည် ။

Han Yunxi မှာ လူတိုင်းကို ဇာတ်လမ်းအပြည့်အစုံ ပြောပြလိုက်လျှင် Gu Qishao နှင့် ထန်နင် စုံတွဲမှာ ရယ်မောလိုက်ကြသည်။ နှစ်သစ်ကူး၏ ပထမဆုံးနေ့တွင် ရူအာမှာ သူခိုးအဖြစ် သတ်မှတ်ခံလိုက်ရသည်။ 

Tang Li မှာ အကြိမ်အနည်းငယ် ချောင်းဟန့်ကာ ဂုဏ်သိက္ခာရှိဟန် အနေအထား ပြင်လိုက်သည်။ “အစ်ကိုကြီး၊ မင်း ဒီလောက် ကြီးကြီးမားမား ကိစ္စကို လွှတ်ထားလို့မရဘူး။ မင်း သူ့ကို သင်ခန်းစာပေးရမယ်။"

Long Feiye၊ Han Yunxi၊ Gu Qishao နှင့် Ning Jing တို့ပင်  ထိုမှတ်ချက်အတွက် သူ့ကို စူးစူးရဲရဲ ကြည့်လိုက်ကြသည်။ ခိုးယူခြင်းကဲ့သို့သော ကိစ္စများကိုပင် နားမလည်သော ကလေးမှာ မည်သို့ ဖြစ်နိုင်မည်လဲ။ ထန်ထန်လေးမှာ နားလည်သော်လည်း မည်သို့ပင်ဆိုစေကာမူ စာအိတ်နီကိုသာ ရိုးရိုးရှင်းရှင်း စိုက်ကြည့်နေသည်။ ရူအာမှာ မသိနားမလည်ပေ။ ၎င်းမှာ သူ၏ ပထမဆုံးသော စာအိတ်နီနှင့် ငွေကြမ်းများဖြင့် ပထမဆုံး ထိတွေ့ရခြင်း ဖြစ်သည်။ အများဆုံးမှာ Han Yunxi နှင့် Long Feiye မှ နန်းတော်ရှိ အစေခံများအား ငွေအသပြာများ ပေးသည်ကိုသာ မြင်ဖူးခဲ့သည်။

Long Feiye မှ စကားမပြောမီ၊ Gu Qishao မှာ မီးညှိကာ Tang Li အား ပြောလိုက်လေသည်။ "နောက်တစ်ခါ ထပ်ပြောကြည့်လိုက်..”

Tang Li မှာ ဤမျှ တိုတောင်းသော မှတ်ဉာဏ် ရှိသူပင်။ သမီးတစ်ယောက်ရပြီးနောက်တွင်ပင် လူများကို စိတ်အနှောက်အယှက် ပေးနိုင်ဆဲပင်။ အကယ်၍ ဤသို့ဆက်ဖြစ်နေလျှင် Long Feiye မှာ သူ့ကို ထန်မျိုးနွယ်ဆီ ချက်ချင်းပြန်ပို့တော့မည်လား။

"ငါ...ငါက နောက်နေရုံပဲ.. မင်းတို့တွေ... ဒီလောက်လေးနက်မနေကြနဲ့။" Tang Li မှာ ကြောက်လန့်တကြားဖြင့် နှုတ်ခမ်းကို ဖိကာ လူအုပ်ကို ပြောလိုက်သည်။

“သူ ပိုက်ဆံ ခိုးတယ်လို့ ပြောဖို့အထိတော့ မလုပ်ဘူး။ ဒါပေမယ့် သူ တစ်ခုခု ခိုးသွားတာ သေချာတယ်။” Long Feiye မှာ ဓမ္မဓိဋ္ဌာန်ကျကျ ပြောခဲ့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now