အခန်း(၁၂၂၁)

430 46 10
                                        

အခန်း(၁၂၂၁)

ဆူညံနေတာပဲ……..





ရူအာလေးမှ အပြင်သို့ ပြေးလာသည်နှင့် တစ်ပြိုင်နက် Han Yunxi နှင့် Long Feiye တို့မှာ သူ၏ နောက်မှ လိုက်လာကြသည်။ အပြင်ဘက်တွင် ကလေးမလေးတစ်ယောက်၏ ရယ်မောသံနှင့် ဓါးပစ်သံများကို ကြားလိုက်ရသည်။ Xu Donglin မှာ ဤလက်ဖက်ရည်ဆိုင်တွင် အစောင့်အကြပ် ချထားသောကြောင့် နှောင့်ယှက်မှုကို သတင်းမပို့ခြင်းမှာ မဖြစ်နိုင်နိုင်ပေ။

ဘာတွေဖြစ်နေတာလဲ….

ရူအာလေးမှာ သူတို့၏ရှေ့တွင် ရိုးရိုးရှင်းရှင်း မတ်တပ်ရပ်လိုက်ပြီး ကလေးမလေး၏ ရယ်သံကို အလွန်အကဲဆတ် နေပုံရသည်။  ပုံမှန်အားဖြင့်ပြောရလျှင် သူက သူငယ်ချင်းဖွဲ့သင့်သည့်အရွယ်ရောက်ပြီပင်။ 
သို့သော် ရူအာလေးမှာ မတူပေ။ သူက သက်တူရွယ်တူ ကလေးများနှင့် ကစားခြင်းကို မနှစ်သက်ရုံသာမက အထူးသဖြင့် မိန်းကလေးများနှင့် ကစားခြင်းကို သဘောမကျပေ။ Han Yunxi မှာ ရူအာလေးမှ ပထမဆုံးလမ်းလျှောက်ရန် သင်ယူခဲ့ချိန်၌ မဒမ်အချိုမှာ မြေးမများနှင့် သမီးများကို လည်ပတ်ရန် နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ ကလေးငယ်များ၊ လမ်းလျှောက်တတ်စ သို့မဟုတ် အသက်နည်းနည်းပိုကြီးသော မိန်းကလေးများ.. မည်သို့ပင်ဖြစ်စေ သူက အားလုံးကို ရှောင်ရှားခဲ့သည်။ 

ရူအာမှာ လူကြီးများနှင့် ကစားရခြင်းကိုသာ နှစ်သက်သည်။ အကယ်၍ သူက အမေဖြစ်သူကို တွယ်ကပ်နေခြင်း မရှိလျှင် Xu Donglin နှင့် ကျန်သူများထံ ရောက်နေတတ်သည်။ Gu Beiyue ထံ အလည်သွားတိုင်း အသေးလေးကို နားမှ အမြဲတစေ ဆွဲကိုင်ပြီး ပြတင်းပေါက်မှ လွှင့်ပစ်ရန် အစွမ်းရှိသမျှ အသုံးပြုပြီးနောက် Gu Beiyue အား နှောင့်ယှက်ရင်း အချိန်ဖြုန်းတတ်သည် ။ 

ခဏရပ်နေပြီးနောက်၊ ရူအာလေးမှာ ခြံဝန်းထဲမှ ထွက်ကာ ညာဘက်ရှိ လူသွားစင်္ကြံဆီသို့ ပြေးသွားခဲ့သည်။Han Yunxi နှင့် Long Feiye တို့မှာ သဘာဝအတိုင်း လိုက်ခါခဲ့ကြသော်လည်း မကြာမီမှာပင် မန်နေဂျာဝူမှာ လက်နှစ်ဖက်တွင် ဓါးမြှောင်များ ဖုံးလွှမ်းကာ မျက်နှာတွင် သွေးများ ပေပွနေသည်ကို တွေ့လိုက်ရသည်။ သူက သူတို့ထံ ပြေးလာပြီး အကူအညီအတွက် အော်ဟစ်နေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now