အခန်း(၁၃၂၈)
လက်ဆောင်။
အရိပ်လေးမှာ ပြတ်သားသော မျက်ခုံးတန်းများနှင့် ချောမောသော မျက်နှာဖြင့် အမှန်ပင် ကြည့်ကောင်းလှသည်။ အရေးအကြီးဆုံးမှာ သူက ပြုံးရသည်ကို နှစ်သက်ကာ ကလေးဆန်ပြီး နူးညံ့သော အပြုံးမှာ ပြသနာအားလုံးကို တစ်ခဏအတွင်း ပျောက်ကွယ်သွားစေနိုင်သကဲ့သို့ပင်။
ကျောက်မားမားမှာ မင်းသမီးယန်၏ အမြင်ကို သဘောတူလိုက်သည့် အနေဖြင့် အသံပြုလိုက်သည်။ မမျှော်လင့်ပဲ မင်းသမီးယန်မှာ ထပ်ပြောလိုက်သည်။ "ကျောက်မားမား၊ သူက မြင်ဖူးသမျှထဲမှာ ကြည့်လို့ အကောင်းဆုံးကောင်လေးပဲ။"
ဒီ…
ကျောက်မားမားမှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ အဆုံးတွင် ဧကရာဇ်မှာ အလွန်အမင်း အကာအကွယ် လွန်ကဲလွန်းသဖြင့် မင်းသမီးငယ်လေးမှာ သူမ၏ဘဝတွင် အခြားကောင်လေးတစ်ယောက်သာ မြင်ဖူးသည်….အရှင့်သား အိမ်ရှေ့စံပင်။ သူမ စဥ်းစားကာ ဖြေလိုက်လေသည်။ “ မင်းသမီး ၊ ဒါကို အိမ်ရှေ့စံဆီ သိခွင့်ပေးလို့မရဘူးနော်။ ”
ယန်အာမှာ မော့ကြည့်ကာ သဘောတူလိုက်သည်။ "နားလည်ပါပြီ။"
ကျောက်မားမားမှာ မင်းသမီးယန်မှ တကယ်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ မသိသော်လည်း နောက်ထပ်ရှင်းပြရန် ကြောက်ရွံ့နေသည်။ မင်းသမီးယန်နှင့် ရင်ဆိုင်ရသောအခါတွင် ပိုမိုရှင်းလင်းချက်များမှာ နားလည်မှုလွဲမှားခြင်းကိုသာ ဦးတည်သွားနိုင်သည်။
မင်းသမီးယန်မှာ ကျောက်မားမား၏ ရင်ခွင်ထဲတွင် ရှိနေပြီး Long Feiye မှာ စိတ်ဓာတ်အကျဆုံးဖြစ်နေသည်။ Han Yunxi ၏ ရင်ခွင်ထဲမှ ချစ်သူငယ်လေးနှင့် ကျောက်မားမားမှ ပွေ့ ဖက်ထားသည့် ချစ်သူငယ်လေးကြားတွင် မတတ်သာပဲ တစ်လှည့်စီကြည့်ကာ ကမ္ဘာမှ စွန့်ပစ်သွားသလို ခံစားနေရသည်။ သို့ပေမယ့်လည်း ဇနီးနှင့် သားသမီးများအတွက် တူဖြင့် အစားအသောက်များ ထည့်ပေးရန် သတိရဆဲပင်။ Gu Beiyue နှင့် Qin Min ကို ဘေးဖယ်ထားပြီး ရူအာနှင့် ယန်အာ ရှေ့တွင် Han Yunxi ကိုပင် ခွံ့ပေးခြင်း မရှိပေ။ သူက ၎င်းကို သီးသန့်ရှိနေချိန်မှ လုပ်လေ့ရှိသည်။ သူက ယန်အာ ကို ခွံ့ချင်သော်လည်း သူမက ရှောင်သွားလေသည်။ သူက အသားကျနေကာ စားရန် ပါးစပ်ဖွင့်ထားသော ရူအာ ကို ခွံ့လိုက်သည်။ သို့သော် ရူအာမှာ အစာကို မမျိုချမီပင် နောင်တရသွားတော့သည်။
![](https://img.wattpad.com/cover/357114917-144-k148828.jpg)
YOU ARE READING
အဆိပ်ပါရမီရှင် ကြင်ယာတော် book 7
Fiksi Sejarah**Book 7 ** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...