အခန်း(၁၃၆၄)
ယွင်ရှီး.. မင်းမသွားသေးဘူးလား။
ရေကန်ထဲမှ မရင်းနှီးသည့် မြင်ကွင်းများကို ကြည့်ရင်း Long Feiye ၏ နှလုံးသားတွင် ဓားဖြင့်ထိုးခံရသကဲ့သို့ ခံစားနေရသည်။ သူက နှလုံးသားကို တင်းမာပြီး Han Yunxi ကို အမှန်တကယ် တွန်းချချင်နေသည် ။
"Han Yunxi၊ ပြန်သွားတော့၊ မင်းကမ္ဘာကို ပြန်သွား။"
သူမ၏ မူလကမ္ဘာကို ပြန်သွားပြီးနောက် အရာအားလုံး အဆင်ပြေသွားနိုင်သည်။ ထိုနေရာတွင် သူမ အဆင်ပြေ နေနိုင်သည်။ သူမ၏ ရောက်ရှိလာမှုမှာ တိမ်တိုက်ကုန်းမြေကြီး၏ သမိုင်းကို ပြောင်းလဲစေခဲ့သည်။ သူမ ထွက်သွားပြီးလျှင် ဤကမ္ဘာတွင် ထိုကဲ့သို့ လူတစ်ယောက် ရှိတော့မည်မဟုတ်ပေ။ ဖြစ်ပျက်ခဲ့သမျှ ပျောက်ကွယ်သွားလိမ့်မည်။ သူမကိုယ်တိုင် အပါအဝင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ သူမကို ရေခဲထဲပိတ်မိစေကာ ဤနေရာတွင် သေဆုံးရသည်ထက် ပြန်သွားသည်ကို ပို၍ လိုချင်သည်။
"သွားတော့.." Long Feiye မှာ Han Yunxi ကို အတတ်နိုင်ဆုံး တွန်းထုတ်လိုက်သော်လည်း သူက အမှန်တကယ်ကို ခွန်အားမရှိတော့ပေ။ သူမကို နည်းနည်းမှ မလှုပ်ရှားစေနိုင်ပေ။
သူက ပြောလိုက်သည်။ "Han Yunxi မင်းထွက်သွား။ အချိန်မလောက်ဘူး မြန်မြန်သွားတော့။"
၎င်းကို မမျှော်လင့်ထားပဲ Han Yunxi မှာ မည်သို့ လုပ်ပေးရမှန်း မသိပဲ သူ့ကို ကြည့်ရင်း မျက်ရည်များ တလိမ့်လိမ့်ကျဆင်းလာလေသည်။
အချိန်မရှိတော့ဘူး!
Long Feiye မှာ မတတ်နိုင်လျှင်ပင် သူက ရက်စက်ရမည်။ အမှားအမှန်၊ ကရုဏာ သို့မဟုတ် ရက်စက်မှုဟူသည် အဘယ်နည်း။ ဤအမျိုးသမီးမှ အသက်ရှင်နေသရွေ့ သူက ဂရုမစိုက်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူမ အသက်ရှင်ရမည်။ သူက သူမကို အသက်ရှင်စေချင်သည်။ လွန်ခဲ့သည့်တစ်စက္ကန့်က သူမကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သော်လည်း ယခု သူမ၏ လက်ကို လွှတ်ပေးရန်အတွက် သူ၏ နှလုံးသားအတွင်း ထိုးဖောက်ဝင်ရောက်လာသော နာကျင်မှုကို သည်းခံနေခဲ့သည်။
YOU ARE READING
အဆိပ်ပါရမီရှင် ကြင်ယာတော် book 7
Historical Fiction**Book 7 ** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...