အခန်း(၁၂၃၃)
အားချန်။
Ning Cheng ၏ အနီးတွင် နေရာယူလိုက်သည့် အမျိုးသမီးတွင် ရွှေရောင်ဆံပင်နှင့် ကျောက်စိမ်းရောင် မျက်လုံးများရှိပြီး ပိန်ပိန်ပါးပါး အသွင်အပြင်ဖြင့် ဆောင်းကျီးနိုင်ငံမြောက်ပိုင်းအလွန် နက်နဲကုန်းမြေကြီး၏ အနောက်ဘက်စွန်းမှ တန်တာ လူမျိုးများဖြင့် ဆင်တူသည်။
ဆောင်းကျီးမျိုးနွယ်မှာ ကျွန်များအတွက် တိုက်ကြီးတစ်ခွင်လုံးမှ ချီးကျူးခံရသည်မှာ မထူးဆန်းပေ။ ကျွန်ကုန်သွယ်မှုကို တားမြစ်ထားသည့် တိမ်တိုက်ကုန်းမြေကြီးနှင့်မတူပဲ လူကုန်ကူးသည့်လုပ်ငန်းမှာ နက်နဲကုန်းမြေကြီးတွင် ကြီးထွားလျက်ရှိသည်။ ကျွန်များမှာ လွတ်လပ်မှုကို ဘယ်သောအခါမှ မရနိုင်ပဲ သခင်၏ သက်ညှာမှုအောက်မှ အစေခံများနှင့် ကွဲပြားသည်။ကျွန်များ၏ ကလေးများသည်လည်း ကျွန်ဖြစ်လာရန်သာ သတ်မှတ်ထားခံပြီး အစေခံများမှာ လစာများရရှိပြီး စာချုပ်များ ပြည့်သည်နှင့် ထွက်ခွာသွားနိုင်သည်။ကျွန်ကုန်သွယ်မှုမှာ အလွန်အမြတ်အစွန်းများပြီး Ning Cheng မှ နားလည်သည့်အရာအရ ဆောင်းကျီးနိုင်ငံရှိ အကြီးဆုံးကျွန်ဈေးကွက်ကို ဒေသခံတစ်ဦးမှ ပိုင်ဆိုင်ခြင်း မဟုတ်ပဲ နက်နဲကုန်းမြေကြီးမှ တစ်စုံတစ်ဦးမှ ပိုင်ဆိုင်ထားခြင်းပင်။
Ning Cheng မှာ မြောက်ပိုင်းလီမှ ထွက်ခွာပြီးနောက် တောင်ဘက်သို့ ဦးတည်ကာ ကျန်းနန်တွင် လှည့်လည်၍ နာမည်ကြီး ဝိုင်ဆိုင်များအားလုံးတွင် မြည်းစမ်းကြည့်ရန် ရည်ရွယ်ထားသည်။ ထို့နောက် ကိုယ်ပိုင်ဆိုင်ဖွင့်ရန် သင့်တော်သောနေရာတစ်နေရာ ရွေးချယ်မည်။
သို့ရာတွင် ဘယ်သူသိမည်လဲ။
Long Feiye မှာ အမှန်တကယ်ပင် တိုက်ကြီးရှိ ဝိုင်ဆိုင်အားလုံးကို ချုပ်ကိုင်လိုက်ပြီး သူ့အတွက် ဆိုင်ဖွင့်ရန် သို့မဟုတ် သောက်ရန်ပင် မဖြစ်နိုင်တော့ပေ။ ထိုအမျိုးသားမှာ သူက ထွက်လာစေရန် ဖိအားပေးနေမှန်း သိနေသည့်တိုင် အလျော့ပေးရန် ငြင်းဆန်ခဲ့သည်။ အကယ်၍ သူတို့၏ နောက်ဆုံးသဘောတူညီချက်ဖြင့် Long Feiye ကို မျက်နှာပေးမည်ဆိုလျှင်၊ သူက စကားပြန်ပြင်ပြောသည့် လူတစ်ယောက်အဖြစ် ပျော်ရွှင်စွာ တံဆိပ်ကပ်ခံလိုက်မည်။ ဆောင်းကျီးနိုင်ငံမှာ သူ၏ အရသာနှင့် ကိုက်ညီသော ပြင်းထန်သည့် အရက်များ အပြင် အခြားဘာမှ မရှိပေ။
![](https://img.wattpad.com/cover/357114917-288-k148828.jpg)
YOU ARE READING
အဆိပ်ပါရမီရှင် ကြင်ယာတော် book 7
Historical Fiction**Book 7 ** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...