အခန်း(၁၃၂၃)
သမားတော်ချင်။
Gu Beiyue မှာ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အသိစိတ်မှ နိုးကြားနေသော်လည်း စကားမပြောနိုင်လောက်အောင် အားနည်းနေသည်။ သူက စကားပြောချင်လျှင်တောင် လုပ်နိုင်သမျှမှာ ချောင်းဆိုးခြင်းသာ။ Qin Min ၏အပ်စိုက်ကုသခြင်းစွမ်းရည်မှာ လွန်ခဲ့သည့်သုံးနှစ်အတွင်း မည်မျှတိုးတက်လာသည်ကို ပြောရန်ခက်ခဲသော်လည်း သူ၏ ချောင်းဆိုးခြင်းကို ငြိမ်သက်စေရန် စိုက်အပ်အနည်းငယ်ဖြင့် လုံလောက်နေသည်။ မဟုတ်လျှင် သူက ဘယ်လောက်ဒုက္ခခံရမည်မှန်း မသိနိုင်ပေ။
ပြုပြင်ပြောင်းလဲမှုများ ပြီးဆုံးပြီးနောက်၊ သူက ဆောင်းကျီး နိုင်ငံမှ Jin Zi မှာ အောင်ပွဲခံပြီး ပြန်လာရန်နှင့် ဧကရာဇ်နှင့်ဧကရီတို့မှာ နန်းမြို့တော်သို့ တရားဝင် ဝင်ရောက်ကာ နန်းတော်တွင် နေထိုင်ရန် စောင့်ဆိုင်းနေခဲ့သည်။ နောက်တော့ သူက ထွက်သွားနိုင်သည်။ တကယ်တော့ ဧကရီမှ သူ့ကို အနားယူခိုင်းခြင်းမရှိလျှင်တောင် သူက အနားယူချင်ပြီပင်။ အတိအကျပြောရလျှင် သူက မည်သူမှမသိသော တစ်နေရာတွင် အနားယူပြီး အရိပ်ကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးချင်ခဲ့သည်။ ကိုယ့်ကိုကိုယ် မကုသနိုင်သည့်တိုင် သူ၏ အခြေအနေဖြင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိနေသည်။ သူက လုပ်နိုင်သမျှမှာ ထွက်ခွာသွားရမည့် အချိန်ကို ခန့်မှန်းရုံသာ ။
အရိပ်လေးမှာ သဘာဝအတိုင်း ထက်မြက်ပြီး အရာရာတိုင်းကို သင်ပေးနိုင်ကြောင်း သူက သေချာသည်။ သူ၏ ဘဝ အပါအဝင် အရာအားလုံးကို အစီအစဥ်တကျ တွက်ချက်ထားခဲ့သည်။ Qin Min မှာ သူ၏ တွက်ချက်မှုများထက် အမြဲတစေ ကျော်လွန်နေခဲ့သော်လည်း သူ၏ အစီအစဉ်များအတွက် "တွန့်ဆုတ်ခြင်း" ခံစားရစေရန် လှုံ့ဆော်ပေးခဲ့သည်။ သူ ၎င်းကို နားမလည်နိုင်ဖြစ်ပြီး ယခုတောင် စဉ်းစားနေမိသည်။ ထိုသို့သော "တုံ့ဆိုင်းခြင်း" မှာ ယနေ့ သူ၏ရုတ်တရက်ပြန်လာခြင်းကို လှုံ့ဆော်ပေးသည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်။
အရိပ်မျိုးနွယ်၏ အမှန်တရားကို Xi Yubo မှ Qin Min ထံ ပြောပြလုနီးတွင်၊ Gu Beiyue မှာ အကောင်းဆုံးကြိုးစားကာ ခေါင်းမော့၍ တားခဲ့သည်။
![](https://img.wattpad.com/cover/357114917-144-k148828.jpg)
YOU ARE READING
အဆိပ်ပါရမီရှင် ကြင်ယာတော် book 7
Ficțiune istorică**Book 7 ** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...